I guess what I'm sayin' is, I

1.2K 136 36
                                        


💘



"Final check! Everyone get into position."

"Places, places! This is it!"

"First look on the runway in 30 seconds. Let's go!"

ပထမဆုံးမော်ဒယ်အတွဲစင်ပေါ်တက်သွားတာနဲ့
ဆောနူ လက်တွေမှာချွေးပျံလာတယ်။
ပါးကိုဖောင်းပြီး လေကိုမှုတ်ထားမိပေမယ့်
စိတ်လှုပ်ရှားမှုကမလျော့သွား။

ပွဲအစစ်မစခင်ကတည်းက ဟိုကောင်လေးလုပ်လို့
သူ့မှာစိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေပါတယ်ဆိုမှ
အခုတကယ့် runwayကလည်းလျှောက်ရတော့မှာမို့
ဆောနူရင်တုန်နေတာဘယ်လိုမှထိန်းမရတော့ပေ။

"ကျွန်တော့်လက်ကိုင်ထား"

သူ့ရှေ့သို့ထုတ်လာပေးတဲ့ လက်စွပ်တွေအပြည့်နဲ့
လက်ကိုဆောနူနဝေတိမ်တောင်နဲ့ကြည့်ပြီး
မျက်တောင်လေးခတ်မိသွားတယ်။

"အလုပ်လုပ်နေတာလို့ပဲတွေး။ ဘာမှမကြောက်နဲ့
ကျွန်တော်လည်းရှိတာပဲ"

အားပေးစကားပြောတာတောင် မှင်သေသေမျက်နှာနဲ့မို့
ဆောနူမှာသူ့စကားကိုယုံကြည်ရမလိုလို ၊
မယုံရမလိုလိုဖြစ်သွားရတယ်။

ဒါပေမယ့်.. နီခီကအလုပ်လုပ်ရင်တကယ်လေးနက်တာ။
သူယုံကြည်လို့ရတဲ့အချိန်ကအခုအချိန်ပဲဆိုတာကို
ဆောနူအလိုလိုသိလိုက်ရတာမို့ တွေဝေမနေတော့ဘဲ
ထိုကောင်လေးလက်ကိုပြန်လည်ဆုပ်ထွေးလိုက်တော့တယ်။

သူ့လက်ကိုဆောနူဆုပ်ကိုင်လိုက်တာနဲ့
ချက်ချင်းဆိုသလို လူကိုလက်ကနေဆွဲပြီးအနားခေါ်လိုက်တာမို့
ကိုယ်လုံးချင်းနီးကပ်သွားရသည်။

လက်မောင်းချင်းပင်တိုက်မိသွားရသည်မို့
ဆောနူနည်းနည်းလေးရွေ့ဖို့ပြင်လိုက်တော့
လက်ကိုပိုတင်းကျပ်စွာဆုပ်ကိုင်လာ၏။

ပြီးတော့ လူကိုငုံ့ကြည့်လာတာများ
ဆောနူမျက်နှာနားကိုကပ်ပြီးရဲရဲတင်းတင်းနဲ့။
ဆောနူမျက်နှာကိုတစ်ဖက်လှည့်ပြီးသူ့အကြည့်တွေကိုရှောင်ဖို့လုပ်တော့
အကြံကိုသိနေသည့်အလား မေးဖျားကနေဆွဲကိုင်ပြီး
သူ့အကြည့်တွေကိုရှောင်လွှဲခွင့်မပေးချေ။

i.f.l.y [SUNKI]Where stories live. Discover now