I guess what I'm sayin' is, I

Начните с самого начала
                                        

ဆောနူပါးပြင်တွေပူထူလာရသည်။
ဘာလို့သူ့ကိုအခုလိုပြုမှုနေရတာလဲ။
သူကကောင်မလေးလည်းမဟုတ်ဘဲ။

"မင်း- ဟင့်! ငါ့ကိုအဲ့လိုမကြည့်နဲ့.."

ဆောနူသူ့လက်ကိုတွန်းပြီးငြင်းဆန်ကာပြောလိုက်တော့
ထိုကောင်လေးကမျက်မှောင်ကြုတ်သွား၏။

"ဘယ်လိုကြည့်နေလို့လဲ"

"နှာဘူးလိုကြည့်နေတာ ၊ မင်းငါ့ကိုမိန်းကလေးလိုမြင်နေတာ!
အဲ့လိုမကြည့်နဲ့!"

ဆောနူသူ့အကြည့်တွေကိုမရရအောင်ရှောင်ပြီး
ခပ်အစ်အစ်အသံလေးနဲ့ထုတ်ပြောလိုက်မိသည်။

"ဟက်! ..တကယ်ပါပဲ"

ဆောနူမျက်လုံးတွေကိုမှိတ်ထားပြီး ပြောချင်တာပြောလိုက်ပြီးမှ
ကြောက်အားလန့်အားနဲ့ငိုမဲ့မဲ့လေးဖြစ်နေတုန်း
ဟက်ခနဲအတည်ကြီးရယ်ချလာတဲ့အသံကြောင့်
ကြောင်တောင်တောင်ဖြစ်သွားရတယ်။

မျက်လုံးတွေကိုပြန်ဖွင့်ကြည့်လိုက်တော့
ဘာကိုရယ်ရမှန်းမသိ ချဥ်ပြုံးပြုံးမျက်နှာနဲ့ဂျစ်တူးကောင်ရဲ့
မျက်နှာကိုမြင်လိုက်ရတာမို့ ဆောနူမျက်လုံးမှေးကြည့်မိသွားတယ်။
နှုတ်ခမ်းလေးကလည်းစူခနဲ။

"ရှက်ရမ်းရမ်းနေတာပဲ။ ကျွန်တော်ကဒီလိုပဲကြည့်နေကျကို"

ဆောနူနဖူးကိုလက်ထိုးနဲ့ဖွဖွထိုးပြီးပြောသွားတဲ့စကားကို
ဆောနူခွန်းတုံ့ပြန်ဖို့ကြံရုံရှိသေးတယ်
staffရဲ့အသိပေးသံနဲ့အတူ သူ့ခါးကနေဆွဲဖက်ပြီး
စင်ပေါ်တက်သွားတဲ့ကောင်လေးကြောင့်
ဆောနူမကျေခဲနိုင်ဘဲ တမြုံမြုံနဲ့သာပါသွားရတော့သည်။

ဒီလိုနဲ့ ၂နာရီကျော်နီးပါးကြာမြှင့်တဲ့
fashion showပွဲအတွင်း outfitလဲလိုက်
runway ပြန်လျှောက်လိုက်နဲ့
အထွေးအထူးမရှိဘဲ အတွေ့အကြုံအသစ်တစ်ခုဆိုတာနဲ့သာ
ပြီးဆုံးသွားရတယ်။

ဖိတ်ထားတဲ့ artist တွေနဲ့မီဒီယာသမားအနည်းငယ်သာ
ဝင်ခွင့်ပေးထားတဲ့ showပွဲမို့ အားပေးသံတွေနဲ့ဆူညံမနေခဲ့ဘဲ
ကင်မရာမီးတဖျတ်ဖျတ်နဲ့သာ။
ဆောနူတွေးထားသလောက်သိပ်ကြောက်စရာမကောင်းဘူးမို့
တော်သေးတယ်ပြောရမယ်။

i.f.l.y [SUNKI]Место, где живут истории. Откройте их для себя