" ဒေါက်တာကိုကို လို့.. "
" ဘာလဲ အန့်ရှင်းရယ်.. ထိုင်ခေါ်နေတာမမောဘူးလား "
'အန့်ရှင်းက ဆန်းဝန်းရဲ့ ကိုယ်ပိုင်ဆေးခန်းလေးတွင် ထုံးစံအတိုင်း ရောက်နေတာဖြစ်သည်။ ကြားရတာတော့ထူးဆန်းမှာပေမဲ့ ဆန်းဝန်းအတွက်ကတော့ ထိုကောင်လေးက နေ့တိုင်းလာအားပေးတဲ့ ဖောက်သည်တစ်ဉီးလိုပင်.. ပျက်ကွက်ရက်မရှိဘဲ အလုပ်လာသလိုကို လာသည် '
" ကျွန်တော့်ကိုလဲ ဆေးစစ်ပေးပါဆို.... "
" ဘာမှမဖြစ်ဘူးလေ အန့်ရှင်းက....အခုကြည့်နေတောင်အကောင်းပဲဟာ "
" ဒါမဲ့ အမြင်နဲ့တင် မပြောနိုင်ဘူးလေ ဒေါက်တာကိုကိုရဲ့.. ဆေးစစ်ပေး "
" ကိုယ် အန်ရှင်းရဲ့ ရောဂါကို သိပြီထင်တယ် "
" ဟင် ကျွန်တော်ရောဂါရှိနေတာလား "
" ဟုတ်တယ် "
" တကယ်ကြီးလား... ဒေါက်တာကိုကို စိုးရိမ်ရလားဟင် "
" စိုးရိမ်ရလားဆိုတော့...အန့်ရှင်းအပေါ်မူတည်တယ်လေ .... ဒီလောက်ဆိုရင် အန့်ရှင်းက အချစ်ရောဂါ ဖြစ်နေတာ... ပြောစမ်းပါအုံး ကိုယ့်ဆေးခန်းက ဘယ်nurseအကူကောင်မလေးကို ကြိုက်နေတာလဲ "
" ဟာ ဒေါက်တာကိုကိုကလဲ... ဘယ်သူ့မှမကြိုက်ပါဘူး.. "
" အ့ဆိုဘာလို့ နေ့တိုင်းကိုယ့်ဆေးခန်းကိုလာနေတာလဲ.. တစ်နေ့တစ်နေ့ အကြောင်းပြချက်တွေကလဲ ခေါင်းကိုက်တယ် ၊ အိပ်မပျော်ဘူး ၊ ပျင်းလို့ ၊ ဒါတွေနဲ့ထပ်နေတာ ပြီးရင် ကိုယ်ဖြင့် အန့်ရှင်းကိုယ့်စီလာနေတဲ့တစ်လလုံး အန့်ရှင်းဖျားတာမမြင်ဖူးပါဘူး "
" ဒေါက်တာကိုကို ဂုဏ်ထူး6ဘာသာထွက်တယ်ဆိုတာလိမ်နေတာမလား "
" ဟင်... ကိုယ်လား... မလိမ်ပါဘူး.. ဘာလို့လဲ ဘာမှလဲမဆိုင်တာကို "
" ဟင်း... ဒေါက့်တာကို ဒီလောက်တုံးမယ်မထင်ထားဘူး "
" ဘာရယ် "
' အန်ရှင်း၏ စိတ်ထဲတွင်တော့ သူ့ကိုအထာပေးနေတာတောင်မသိသည့်အပြင် nurse မလေးတွေနဲ့ပါချိတ်ပေးဖို့လုပ်နေတဲ့ ကိုကို့ ကို ထုထောင်းပစ်ချင်တော့သည်။ ဒီဉီးနှောက်နဲ့ ကိုကို ဘယ်လိုများ ဂုဏ်ထူးထွက်လာပါလိမ့်ဟု တွေးမိသည့်အထိပင် ၊ အ့လိုစဉ်းစားနေတုန်းမှာပဲ အန့်ရှင်း ကျေနပ်ဖို့ကောင်းတဲ့ အတွေးတစ်ခုဝင်လာသည် '
