Part-1

12 2 0
                                        

🎵အင်မတန်ကျေးဇူးတင်ပါသည်
အလွန်တရာကျေးဇူးတင်ပါသည်
မြရင် ဘုရားဂုဏ် တရားဂုဏ်မှီ
သေတဲ့စကားကိုဖြင့်မကြားချင်ဘူးနော်အတည်
မမုန်းနဲ့နော်ကျွန်မအတည်
ရုပ်တော်တော်လှပါသည်
တုံးကျော်မလေဘာတီ🎵

ကျောက်ပန်းတောင်းမြို့ရှိမင်းသမီးလမ်းအိမ်တစ်အိမ်မှထွက်ပေါ်လာသောချိုမြနေသောသီချင်းဆိုသံ

"သားရေ ထမင်းစားရအောင်"

"ဟုတ် လာပြီအမေ"

ကောင်းကင်ညီက ယောင်္ကျားမင်းသမီးတစ်ယောက်ဖြစ်ပြီး‌ ကျောက်ပန်းတောင်းတစ်ခွင်မသိသူရှားလှသည်။ထမင်းစားရန်အမေဖြစ်သူ ဒေါ်ခင်မာစိန်ကခေါ်လိုက်သည်။

"အမေ အဖေကော"

"မင်း အဖေ သူ့သူငယ်ချင်းလာခေါ်လို့လိုက်သွားလေရဲ့ , ထမင်းစားနှင့်တဲ့နောက်ကျမှာဆိုဘဲ"

"ဟုတ်"

သားမိနှစ်ယောက်ထမင်းစားပြီးပန်ကန်ဆေးနေချိန်အိမ်ရှေ့မှခေါ်သံကြားလိုက်ရတယ်

"မိန်းမရေ! မိန်းမရေ့! ဒီမှာပွဲငှားပါလာတယ်ဟ"

"ဧည့်သည်တွေပါလာတာလား
လာလာ အိမ်ထဲကြွပါဦးရှင်
သားရေအကြမ်းရည် နဲ့ လက်ဖက်ကြုပ်လေးတွေယူခဲ့ဦး၊!"

"ဟုတ်အမေ"

ကောင်းကင်ညီရေနွေးအိုးကိုယူကာ
ဧည့်သည်များရှေ့ချပေးလိုက်လေတယ်

"ဒီကအကိုကပွဲငှားချင်လို့တဲ့ကွာ"

ကောင်းကင်ညီ၏အဖေဦးအောင်နိုင်ဇော်မှ၀င်ပြောလိုက်လေသည်

"ဟုတ်တယ်အမရေ
ကျုပ်တို့ရွာအလှူမှာ ဒီက ယောင်္ကျားမင်းသမီးကောင်းကင်ညီ ကအကကောင်းဆိုလို့ဗျာ..."

ပွဲငှားကပြောတော့

"ဟုတ်ကဲ့ဗျ ပွဲကဘယ်နေ့လဲဗျ"

ပွဲငှားကိုကောင်းကင်ညီမေးလိုက်တယ်

"ပွဲရက်ကတော့ သီတင်းကျွက်လဆန်း
၄-၅-၆ ရက်ကွဲ့ ကရမှာက ၅ရက်နေ့ညနဲ့ ၆ရက်နေ့ည ၂ညကရမှာဗျ"

"ဟုတ် ခနလေးပါနော်အဲဒီရက်ပွဲအားလားကြည့်ပေးပါ့မယ်ဗျ"

"အေးပါကွယ် ကျုပ်တို့ကလဲ
ဟောဒီက တူလေးနဲ့ပဲလှူချင်တာကွယ်"

ကောင်းကင်ညီပွဲရက်မှတ်ထားသည့်စာအုပ်ကိုဖွင့်ပြီးကြည့်လိုက်တယ်

"ကျွန်တော် အဲဒီရက် အားတယ်ဗျ
ပွဲလိပ်စာလေးပြောပေးပါဦးဗျ"

"ဒီကျောက်ပန်းတောင်းနားကဘဲကွဲ့ နာမည်ကဆည်ကုန်းရွာတဲ့"

"ဟုတ်"

"အ၀င်နေ့ နေ့လည်ကျရင်ဦးလေးတို့အကျိုလွှတ်လိုက်မယ်လေနော့်"

"ဟုတ်ကဲ့ပါဗျ"

"ကဲ ဒါက စရံငွေ စာချုပ်လဲအပြီးချုပ်သွားလိုက်မယ်"

"ဟုတ်ကဲ့ပါဗျ"

ကောင်းကင်ညီလဲပွဲစာချုပ်ချုပ်ပြီး စရံငွေတွေအားသိမ်းလိုက်တယ်

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အမှားပါရင်တောင်းပန်ပါတယ်ဗျအခုမှစရေးတာမလို့လိုအပ်တာလေးတွေဝေဖန်ပေးခဲ့ပါဦးဗျ🥰ကြယ်လေးတွေလဲနှိပ်ပေးခဲ့ပါဦး🤓

ဖူးစာရှင်Where stories live. Discover now