Description

17.9K 413 4
                                        


သူ၏ အတိတ်ဘဝတွင် ဘီတာလေး စုလျန်သည် မိုက်ရူးရဲဆန်စွာဖြင့် အနာဂါတ်တွင် လုမိသားစုခေါင်းဆောင်ဖြစ်လာမည့် လုကျစ်ကျောက် နောက်သို့ ခိုးရာလိုက်ပြေးခဲ့မိသည်။

တုန့်ဆိုင်းမှုမရှိစွာပင် သူကိုယ်တိုင်၏ လွတ်မြောက်ရာ လမ်းများကို ဖျက်စီးခဲ့ပါသော်လည်း အဆုံးသတ်၌တွင်မူ သူသည် ဟာသကြီးတစ်ခုသာ ဖြစ်နေခဲ့သည်ကို သဘောပေါက်ခဲ့ရ၏။

လုကျစ်ကျောက် တခြား
တစ်‌ေယာက်နှင့် လက်ထက်လိုက်ပြီး နောက်နေ့မှာပင် စုလျန်အရာအားလုံးကို လက်လျော့ခဲ့လိုက်ပြီးနောက် သေဆုံးသွားခဲ့ရသည်။

ပြန်လည်ရှင်သန်လာသောအခါတွင် ထိုနှစ်တုန်းက ရဲစွမ်းသတ္တိအပြည့်ရှိနေခဲ့သောအရူးလေးမှာ နောက်ဆုံးတွင် သူ့ကံကြမ္မာကို လက်ခံနိုင်ဖို့ သင်ယူနိုင်ခဲ့ပါ၏။

ဤတစ်ကြိမ်တွင်တော့ သူက လူကြိုက်မများ‌ေသာ သာမာန်ဘီတာလေးတစ်ယောက်သာ ဖြစ်ကြောင်း စုလျန် လိုက်ခံလိုက်ကာ ပင်ပန်းခက်ခဲခြင်းမရှိသည့် ပေါ့ပေါ့ပါးပါးနေရက်များက အလွန်ကောင်းကြောင်း တွေးမိခဲ့သည်။

အကုန်လုံးပြီးသွားပြီးတဲ့နောက်မှာတော့ ငါးဆားနူလေးတစ်ကောင်ဖြစ်ရတာက အကောင်းဆုံးပါပဲလေ။

သို့သော်လည်း အေးချမ်းလှသည့် နေ့ရက်များမှာ ခဏတာသာဖြစ်ခဲ့ပြီး သူသည် မြင့်မြတ်လှသည့် ခြံဝန်းထဲမှ နက်ရှိုင်းလွန်းလှသော တားမြစ်နယ်မြေဆီသို့ ပို့ဆောင်ခံလိုက်ရလေတော့၏။

လုထိုက်ဖန် - အရင်တုန်းကလဲ Big Boss ကြီးဖြစ်ခဲ့ပြီး ယခုလက်ရှိ‌တွင်လဲ Big Boss ကြီးဖြစ်နေဆဲဖြစ်ကာ အန္တရာယ်များလွန်းလှပြီး အကြင်နာတရားမဲ့၍ အေးစက်လွန်းသည့်အတွက် သူ၏ ထွက်ပေါ်လာမှုက‌ပင် လူအများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်၏။

မည်သို့ပင် ဆိုစေကာမူ လုထိုက်ဖန်တစ်ယောက် ဖယ်ရိုမုန်းနှင့်ပတ်သက်သော ရောဂါတစ်မျိုးခံစားနေရပါသော်လည်း သူက လုမိသားစုအားထောက်ပံ့နေသည့် တစ်ဦးထည်းသော ထိပ်တန်းအယ်လ်ဖာ ဖြစ်သည်ပင်။

ထို့အပြင် သူအနားယူသည့် နေရာမှာ လူအများ၏ အမြင်တွင် တားမြစ်နေရာတစ်ခုဖြစ်ချေ၏။

စုလျန်တစ်ယောက် မည်မျှပင် ထိုအကြောင်းအားတွေးခဲ့ပါစေ ဖယ်ရိုမုန်းရောဂါကို ခံစားနေရသည့် သွေးရူးသွေးတန်းဖြစ်နေသော လုထိုက်ဖန်၏ ပွေ့ဖက်မှုထံမှ ရုန်းမထွက်နိုင်ခဲ့ပါချေ။

ထို့နောက် လုထိုက်ဖန် သည် သူ၏လည်ပင်းအား ခပ်ကြီးကြီး တစ်ချက် ကိုက်‌လိုက်လေတော့သည်။

"မင်းရဲ့ဖယ်ရိုမုန်းအနံ့က... မွှေးတယ်"

နတ်ဆိုးကဲ့သို့သော ထိုအမျိုးသား ၊ သားရဲကောင်ကဲ့သို့ ထိုအမျိုးသားက သူ့ခန္ဓာကိုယ်ရှိ ဖယ်ရိုမုန်းရနံ့‌ကို လောဘကြီးစွာ တဖွတဖွ အနံ့ခံနေခဲ့၏။

စုလျန်သည် လုထိုက်ဖန် နှင့် ပိုပိုပြီး ရင်းနှီးကျွမ်းဝင်လာကြောင်း ထိန်လန့်စွာပဲ သိရှိခဲ့ရသည်။ သူ ၊
ဘီတာတစ်ယောက်သာ ဖြစ်သင့်သော သူသည် အဘယ့်ကြောင့်များ သူ့ထံတွင် မရှိသင့်သည့် ဖယ်ရိုမုန်းဂလင်းများက စတင်ဖွံ့ဖြိုးလာရသနည်း။

ဘီတာတစ်ယောက်အဖြစ်မှ အိုမီဂါတစ်ယောက်ဖြစ်လာခဲ့ရ၏။

ထို့အပြင် သူသည် လုထိုက်ဖန်နှင့် ဖယ်ရိုမုန်းရာခိုင်နှုန်းလိုက်ဖက်မှုများသည့် အိုမီဂါတစ်ယောက်ပင်။

Tags - BL , Drama , Omegaverse , Rebirth , Interstellar , Second Chance


Scum Gong Uncle designated Omega (MM Translation) - CompleteStories to obsess over. Discover now