Soft ghosts of you

68 1 0
                                        

Recommend song _ Multo eng ver

ဟီဆွန်းရဲ့နေ့ရက်တွေဟာ အိပ်ယာထဲလှဲပြီး
အိပ်မက်တွေထဲမှာ တိတ်တိတ်လေး လိုက်ရှာရင်း ကုန်ဆုံးသွားတတ်တယ်။

နေ့တိုင်း ဟီဆွန်းရဲ့အခန်းထဲမှာ တိမ်စိုင်ငယ်
အရိပ်ကိုသာ တွေ့နေရတယ်။
မရှိတော့ပေမဲ့ ထွက်မသွားသေးသလိုမျိုး...

အချစ်တစ်ခုရဲ့အဆုံးမှာလည်း မျှော်လင့်ချက်
ကျန်မနေသင့်ဘူးဆိုတာကို ဟီဆွန်း သိလာခဲ့တယ်။

အိပ်မက်ထဲမှာတောင် တိမ်စိုင်ငယ်လေးရဲ့အငွေ့အသက်ပေါ်လာနိုင်ဖို့ ဟီဆွန်းမျှော်လင့်ခဲ့
ဖူးတယ်။

ဒါပေမဲ့-
အခုတော့ တိမ်စိုင်ငယ်နဲ့ပတ်သက်တဲ့အရာအားလုံးဟာ မျက်လုံးမှိတ်တာနဲ့ ပြန်ပေါ်မလာနိုင်တော့တဲ့
သံသရာဖြစ်သွားခဲ့ပြီ။

အခန်းထဲက နေရာတိုင်းမှာ တိမ်စိုင်ငယ်လေးရဲ့
ပုံရိပ်အနည်းငယ်ကို မြင်နေရဆဲ..

နံရံမှာ...အခန်းထဲမှာ...တစ်ခဏငြိမ်သက်တဲ့အချိန်မှာတောင်...ဟီဆွန်းရဲ့ အတွေးထဲမှာ ရှိနေတုန်းပဲ။

ဒါပေမဲ့ အဲဒီအရာတွေက တိမ်စိုင်ငယ်မဟုတ်ခဲ့ဘူး မဟုတ်မှန်းသိတာတောင် ဖမ်းဆွဲထားချင်ခဲ့တဲ့
ဟီဆွန်းရဲ့ ခံစားချက်တွေက ပိုပြီးအရူးရင့်လာခဲ့တယ်။

သူ့စိတ်ထဲမှာ အခုကျန်တာက
တိမ်စိုင်ငယ် မရှိတော့တဲ့အတိတ်နဲ့
တိမ်စိုင်ငယ် မပါလာတော့တဲ့အနာဂတ်ပဲ။

တခါတလေမှာတောင် ဟီဆွန်းကမေ့ဖို့
မကြိုးစားဘူး။ ဒီအရူးရင့်လာတဲ့ နှလုံးသားရောဂါနဲ့ပဲ
သေဖို့ဖြစ်လာရင်တောင် ဟီဆွန်းမေ့ဖို့ ကြိုးစားမှာ
မဟုတ်ဘူး။

ဒါပေမဲ့ အဲဒီရွေးချယ်မှုက ဟီဆွန်းကို
လူ့အသိုင်းအဝိုင်းနဲ့ မနေထိုင်တတ်တော့တဲ့အထိ သက်ရောက်ခဲ့တယ်။

တိမ်စိုင်ငယ်က ဟီဆွန်းအနားမှာ မရှိတော့ပေမဲ့
တိမ်စိုင်ငယ်ကို ချစ်နေရတဲ့ ဟီဆွန်းဟာ အတိတ်ထဲမှာပဲ ပိတ်လှောင်နေခဲ့တယ်။

"မင်းက ပြန်လာဖို့ အစီအစဉ်မရှိဘူး။
ငါလည်း မင်းကိုစောင့်နေဖို့ အသက်မကျန်တော့ဘူး..."

Paper Moons & Midnight InkWhere stories live. Discover now