Part 1 : The flame that called him

399 33 21
                                        


ကျောင်းဆရာ Kwon Soonyoung, မူလတန်းပြကနေအလယ်တန်းပြကိုရာထူးတိုးလာတာကြောင့်အူမြူးနေပေမယ့် ကျောင်းပါပြောင်းရမှာမို့နည်းနည်းလေးတော့စိတ်မသက်သာ

"Soonyoung ဂရုစိုက်အုံး သရဲခြောက်ခံရဦးမယ်"

"မစနဲ့ မင်းရာထူးတိုးရင်လဲမင်းကိုငါ့ဆီပို့ခိုင်းမှာ"

"ဟင့်အင်း ငါကမူလတန်းကလေးတွေနဲ့ဘဲအဆင်ပြေတယ် မင်းသာဂရုစိုက်လို့ မြို့က​ချောင်ကျတယ်နော်"

Seokmin ပြောလဲပြောချင်စရာပါဘဲ Soonyoung တာဝန်ကျလို့ပြောင်းရမယ့်နေရာက Nahyeom မြို့,တောင်ကုန်းတောင်တန်းတွေနဲ့ဝန်းရံထားပြီး မနက်ဘက်ဆိုမြူခိုးတွေနဲ့အုံ့မှိုင်းနေတတ်သည်

အိမ်တော်တော်များများကလဲအိုဟောင်းနေတတ်ပြီး တိတ်ဆိတ်လွန်းသည် Soonyoung လို literature(စာပေ) သင်တဲ့ဆရာတစ်ယောက်အတွက်ကတော့ ကဗျာရေးလို့လဲကောင်း၊ စာလဲဖတ်လို့ကောင်းတဲ့ရာသီဥတုအခြေအနေဆိုပေမယ့် မညာတမ်းပြောရရင်နည်းနည်းတော့ကျောချမ်းစရာကောင်းပါသည်

"သွားပြီ မကြာမကြာလာလည်နော် Seokmin"

"ဟင့်အင်း မလာချင်ပါဘူးကြောက်စရာကြီး"

"ငါရိုက်လိုက်ရ- ဘာမှမဖြစ်ပါဘူးဆိုနေ"

"အရင်နေကြည့်လေ မင်းဘာမှမဖြစ်ရင်လာလည်မယ်"

လက်ခလယ်ထောင်ပြပြီးတော့သာ အထုပ်အပိုးတွေသိမ်းဆည်းပြီးအိမ်သို့ထွက်ခဲ့လိုက်ပါသည် နက်ဖန်ညလောက်ပြောင်းမှသန်ဘက်ခါမနက်ရောက်မှာဆိုတော့ ခပ်မြန်မြန်ဘဲပြောင်းလိုက်တာကောင်းမလားလို့လေ စောစောရောက်တော့လဲစောစောနေသားကျသွားတာပေါ့

အိမ်ပြန်ရောက်တာနဲ့ Soonyoung လုပ်စရာတွေပုံထပ်နေသည် အိမ်လဲစုံစမ်းရမယ် လိုအပ်တာပစ္စည်းပစ္စယအကုန်ပြင်ဆင်ပြီးအိမ်နီးချင်းအဖိုးနဲ့အဖွားကိုလဲနှုတ်ဆက်သွားရဦးမယ် Soonyoung ကတစ်ကောင်ကြွက်မို့တခြားကျန်တာဘာမှပူစရာမလိုပေမယ့် Seokmin ခနခနပြောနေတဲ့သရဲဆိုတာကိုအမှန်တိုင်းပြောရရင်နည်းနည်းတော့စိတ်ပူမိသည် ဒါပေမယ့်လဲ Soonyoung ကသရဲမကြောက်တတ်တဲ့အမျိုးဘဲမလား

Candlelight DevotionStories to obsess over. Discover now