ကျောင်းဆရာ Kwon Soonyoung, မူလတန်းပြကနေအလယ်တန်းပြကိုရာထူးတိုးလာတာကြောင့်အူမြူးနေပေမယ့် ကျောင်းပါပြောင်းရမှာမို့နည်းနည်းလေးတော့စိတ်မသက်သာ
"Soonyoung ဂရုစိုက်အုံး သရဲခြောက်ခံရဦးမယ်"
"မစနဲ့ မင်းရာထူးတိုးရင်လဲမင်းကိုငါ့ဆီပို့ခိုင်းမှာ"
"ဟင့်အင်း ငါကမူလတန်းကလေးတွေနဲ့ဘဲအဆင်ပြေတယ် မင်းသာဂရုစိုက်လို့ မြို့ကချောင်ကျတယ်နော်"
Seokmin ပြောလဲပြောချင်စရာပါဘဲ Soonyoung တာဝန်ကျလို့ပြောင်းရမယ့်နေရာက Nahyeom မြို့,တောင်ကုန်းတောင်တန်းတွေနဲ့ဝန်းရံထားပြီး မနက်ဘက်ဆိုမြူခိုးတွေနဲ့အုံ့မှိုင်းနေတတ်သည်
အိမ်တော်တော်များများကလဲအိုဟောင်းနေတတ်ပြီး တိတ်ဆိတ်လွန်းသည် Soonyoung လို literature(စာပေ) သင်တဲ့ဆရာတစ်ယောက်အတွက်ကတော့ ကဗျာရေးလို့လဲကောင်း၊ စာလဲဖတ်လို့ကောင်းတဲ့ရာသီဥတုအခြေအနေဆိုပေမယ့် မညာတမ်းပြောရရင်နည်းနည်းတော့ကျောချမ်းစရာကောင်းပါသည်
"သွားပြီ မကြာမကြာလာလည်နော် Seokmin"
"ဟင့်အင်း မလာချင်ပါဘူးကြောက်စရာကြီး"
"ငါရိုက်လိုက်ရ- ဘာမှမဖြစ်ပါဘူးဆိုနေ"
"အရင်နေကြည့်လေ မင်းဘာမှမဖြစ်ရင်လာလည်မယ်"
လက်ခလယ်ထောင်ပြပြီးတော့သာ အထုပ်အပိုးတွေသိမ်းဆည်းပြီးအိမ်သို့ထွက်ခဲ့လိုက်ပါသည် နက်ဖန်ညလောက်ပြောင်းမှသန်ဘက်ခါမနက်ရောက်မှာဆိုတော့ ခပ်မြန်မြန်ဘဲပြောင်းလိုက်တာကောင်းမလားလို့လေ စောစောရောက်တော့လဲစောစောနေသားကျသွားတာပေါ့
အိမ်ပြန်ရောက်တာနဲ့ Soonyoung လုပ်စရာတွေပုံထပ်နေသည် အိမ်လဲစုံစမ်းရမယ် လိုအပ်တာပစ္စည်းပစ္စယအကုန်ပြင်ဆင်ပြီးအိမ်နီးချင်းအဖိုးနဲ့အဖွားကိုလဲနှုတ်ဆက်သွားရဦးမယ် Soonyoung ကတစ်ကောင်ကြွက်မို့တခြားကျန်တာဘာမှပူစရာမလိုပေမယ့် Seokmin ခနခနပြောနေတဲ့သရဲဆိုတာကိုအမှန်တိုင်းပြောရရင်နည်းနည်းတော့စိတ်ပူမိသည် ဒါပေမယ့်လဲ Soonyoung ကသရဲမကြောက်တတ်တဲ့အမျိုးဘဲမလား
YOU ARE READING
Candlelight Devotion
Fanfiction"Some flames don't warm. They remember." -written in Burmese -Soonwoo
