"ကြောင်တောင်တောင်နဲ့ ယမ်းထိချင်လို့လား ဒဏ်ရာဖြစ်မှာမကြောက်ဖူးလား"
ရုတ်တရက်ကြီးသူ့ကို"ကြောင်တောင်တောင်နဲ့"လို့သုံးနှုန်းလိုက်သည့်လူကိုသူမကြည်တော့၊မျက်မှောင်ကြုတ်ကြည့်လိုက်ရင် ထိုလူသူ့ကိုတွဲထားသည့်လက်အားဆွဲဖြုတ်လိုက်ရင်း
"ဒီမှာ ခင်များကကျွန်တော့်ကိုကယ်ထားတယ်ဆိုပြီးဘဝင်လေဟပ်နေတာလား ဟမ်..."
သူထွက်လာသမျှဒေါသတွေကိုလက်ညိုးလေးတထိုးထိုးနှင့်အော်ပြောလိုက်ခြင်း။
"ဟေ့ကောင်လေး ငါကဒီဘက်မှာ"လွင်ဥယျဥ်ရယ်ကျဲကျဲနှင့်သူနဲ့ဆန့်ကျင်ဘက်ကိုစကားတွေအော်ပြောနေသည့်ကောင်လေးကိုကြည့်ရင်းပြောလိုက်သည်။ဒီကောင်လေးကမျက်မှန်မပါရင်ဘယ်သူမှမရှိသည့်နေရာကြီးကိုလည်းစကားပြောတာပါလား...။
ထိုလူအသံကြားမှသူသတိဝင်သွားမိသည်။သူမမြင်ရတာကြောင့်အဲ့လူရှိမည့်နေရာကိုမှန်ပြီးအော်ပြောလိုက်ခြင်း၊သူရှက်ပါးလေးတွေရဲလာသည်။သူမှမမြင်ရတာ။
"ကျွန်တော်မြင်တယ် ခင်များနဲ့မျက်နှာချင်းမဆိုင်ချင်လို့"
လွင်ဥယျဥ်ထသာရယ်မိတော့သည်။ဒီကောင်လေးကတစ်မျိုးစိတ်ဝင်စားစရာလေးပါလားကွာ။
"ဟုတ်ပြီ မြင်တယ်ပဲထားပါတော့ ဒီမှာခဏစောင့်နေ ယမ်းတွေကင်းပြီးမို့လို့ ငါမင်းမျက်မှန်သွားယူပေးမယ်၊မျက်မှန်ရရင်တော့ ငါ့ကိုတည့်တည့်ကြည့်တော့နော်"ဟုဆိုကာထိုကောင်လေးရဲ့နှာခေါင်းထိပ်လေးကိုလက်ညှိုးလေးနဲ့တို့လိုက်မိသည်။လွင်ဥယျဥ်လုပ်လိုက်ပြီးမှဘာလို့လုပ်လိုက်မိမှန်းမသိတော့ချေ။ရှက်သလိုလိုဖြစ်သွားတာကြောင့် လက်ဖြင့်ဂုတ်ကိုပွတ်ကာ မျက်မှန်ရှာရင်ထွက်လာခဲ့တော့သည်။
"ဟာ ခင်များ!!"
ထိုကောင်လေးမှာလည်းလက်ညှိုးလေးတစ်ထိုးထိုးနှင့်ကျန်ခဲ့တော့သည်။အေးစက်နေတဲ့ဆောင်းရာသီမှာ အေးနေတတ်တဲ့နှာခေါင်းထိပ်လေးကခံစားလိုက်ရတဲ့အနွေးဓါတ်လေးကိုသူသိလိုက်ပါသည်။ထိုလူဘာသဘောနှင့်လုပ်လိုက်လည်းသူမစဥ်းစားတတ်တော့ချေ၊သူ နားရွက်ဖျားလေးကိုသာကိုင်လိုက်မိပါသည်။ဒီအပြုမူလေးဟာ သူရှက်လာတိုင်းလုပ်တတ်သည်။
*******
လွင်ဥယျဥ်ဟိုကောင်လေးထိုင်ခဲ့သည့်နေရာသို့ရောက်လာပြီး မျက်လုံးဝေ့ကာအောက်ကျနေသည့်မျက်မှန်ကိုမတွေ့သေးချေ၊သိပ်ကြာကြာတော့မရှာလိုက်ရ၊မြေပြင်ပေါ်ဖုန်တလူးလူးဖြစ်နေသည့် မျက်မှန်အဝိုင်းအမည်းရောင်လေးကိုတွေ့လိုက်ရသည်။
"တွေ့ပြီ တော်ပါသေးတယ် ကျိုးသွားပြီထင်တာ"
လွင်ဥယျဥ်ထိုမျက်မှန်လေးကိုကြည့်ရင်းပြုံးနေမိသည်။အကြောင်းပြချက်မရှိဒီတိုင်းပြုံးနေမိတာပေ။မျက်မှန်လေးက သေးသေးလေးရယ်။
ခုနကနေရာဆီထိုမျက်မှန်လေးကိုကိုင်ရင်းလွင်ဥယျဥ်ပြန်လာလိုက်သည်။ထားခဲ့သည့်အတိုင်းလေးမတ်တပ်ရပ်နေသည့်ထိုကောင်လေးရှေ့တည့်တည့်မှာရပ်လိုက်ပြီး...
"ရော့ မှုန်ဝါးလေး"
လွင်ဥယျဥ်ဖုန်တွေပေနေသည့်မျက်မှန်လေးကိုအင်္ကျီစနဲ့ခပ်ဖွဖွသုန်ရင်းပေးလိုက်သည်။
"ဘာ နေပါဦး ဘယ်လိုခေါ်တာ"
ထိုကောင်လေးကမျက်မှန်တပ်ရင်းထိုသို့ဆိုသည်။
"ဟော ကြည်သွားပြီ"ရယ်ရင်းပြောလိုက်သည့်လွင်ဥယျဥ်ကြောင့်တစ်ဖက်ကကောင်လေးမှာ တွေတွေလေးငေးမိသွားသည်။ပြီးနောက်နားရွက်လေးကခပ်ဖွဖွလေးကိုင်လိုက်၏။အို ဒီလူ့မှာတော်တော်လှတဲ့သွားညီညီလေးတွေရှိနေပါလား။
ဒီလူ့မျက်နှာကိုမမြင်ရခင်တုန်းကသူတော်တော်အမြင်ကပ်ခဲ့ပါသည်။ဒါအမှန်တိုင်းဝန်ခံခြင်း။မျက်မှန်ကြောင့်သူဒီလူ့ကိုမြင်ရပြီဖြစ်သည်။ထိုသူ၏ပြုံးနေသည့်မျက်နှာလေးက"တစ်မျိုးလေး ရင်ထဲ...ရင်ထဲနွေးနေတယ်"။သူတွေးလိုက်သည့်အတွေးကြောင့်မျက်မှန်အောက်ကမျက်လုံးလေးမှာဝိုင်းကနဲ။ဘယ်လိုကြီးတွေးလိုက်တာလဲ။ထိုလူ၏အညိုရောင်ဘက်ပိုသန်းတဲ့မျက်လုံးလေး၊မျက်ခုံးတန်းတန်းလေးနှင့်တောင်ပြေလိုနှာခေါင်းပြေပြေလေး။ထိုလူ၏အသားရည်ဖြူမှုအပေါ်မှာနှုတ်ခမ်းသားစုံတော့မှာထင်းလျက်ရှိနေသည်။ထိုသူ၏မျက်နှာအချိုးစားညီမှုကိုတော့သူငေးမိသွားတာဝန်ခံရမည်။
"ဘာလို့အဲ့လောက်ကြည့်နေတာလဲ"
"ရုပ် ဆိုး လို့"
"ဟာ"
သူထိုနေရာမှပြေးထွက်လာခဲ့သည်။အဲ့ဒီလူနားကြာကြာနေရအောင်အထိသူခံနိုင်ရည်ရှိမနေပါ။ထိုသူ့အနားကပ်တိုင်းသူ့ကိုယ်ဟာ အေးနေရာကနွေးနွေးသွားတတ်သည်။ခန္ဓာကိုယ်ကလား၊ရင်ထဲကလား သူမသဲကွဲ။
A/N တအားပေါ့နေမယ်ထင်တယ်၊ဇာတ်လမ်းကိုကပေါ့ပေါ့ပါးပါးလေးဆိုတော့လေ၊တကယ်လို့ပေါ့သွားရင်လည်းဖြည့်ဖတ်ပေးပါနော်။စာလုံးပေါင်းမှားရင်လည်းပြန်ဖတ်ပေးပါလို့။
Part-1(Uni-code)
Start from the beginning
