Part-1(Uni-code)

3 0 0
                                        

Unicode

လွင်ဥယျဥ် သူ့လက်ထဲကမီးပွားစထိထားသည့်အရာလေးကိုတွေတွေကလေးငေးနေမိသည်။ဘာကြောင့်များဒီလိုအရာမျိုးကို သူကိုယိတိုင်ရက်ရက်ရောရော ရယူခဲ့သည်လဲဆိုသည့်မေးခွန်းအတွက်လွင်ဥယျဥ်မှာအဖြေရှိမနေပါ။ထိုအရာလေးကစပ်ဖျဥ်း
ဖျဥ်းခံစားချက်​ကိုပေးပေမယ့်လည်းထိုဒဏ်ရာလေးကိုကြည့်ရင်း လွင်ဥယျဥ်ပြုံးနေမိသည်။

လွန်ခဲ့သော (၃)ရက်ခန့်က

မီးပုံးပျံပွဲတွင်ဖြစ်သည်။ဆောင်းလေငွေ့ငွေ့လေးကြားမှာ လူများသည် အင်္ကျီထူထူကြီးတွေဝတ်ကာ စည်ကားလျက်ရှိနေသည်။ထိုအထဲတွင်လွင်ဥယျဥ်တစ်ယောက်လည်းပါဝင်နေ၏။ပွဲမစခင်တွင် လွင်ဥယျဥ်ပတ်ကြည့်နေမိသည်။ဆောင်းအလည်တွင်မီးပုံးပျံများလွှတ်တင်သည့်ဒီရွာ၏ယဥ်ကျေးမှုတစ်ခုဟာလည်းတစ်မျိုးချစ်စရာဖြစ်နေသည်။ထိုယဥ်ကျေးမှုသည်လွင်ဥယျဥ်တို့အဖိုးခေတ်ကတည်းကစပေါ်လာသည်ဟု လွင်ဥယျဥ်ကြားဖူးခဲ့သည်။ရွာခံဖြစ်သည့်လွင်ဥယျဥ်အဖို့ဒီလိုပွဲတော်များကအမြင်တော့မဆန်းတော့ပေ။အမြင်မဆန်းသော်လည်း မထူးခြားသည်တော့မဟုတ်၊ရွာသူရွာသားတိုင်းဟာကိုယ်ဖော်ပြချင်သည့်၊ကိုယ်ချပြချင်သည့် ဓလေ့၊ယဥ်ကျေးမှု၊အရာဝတ္ထု၊ရှုထောင့်အမျိုးမျိုးတို့ကိုမီးပုံးပျံတို့ပေါ်တွင်ဖော်ပြလေ့ရှိသည်။

နှစ်စဥ်ပြိုင်ပွဲတစ်ခုလိုအမြင်အမျိုးမျိုး၊မီးပုံးပုံစံအမျိုးမျိုးတို့ကိုလွှတ်တင်တတ်သည့်​တောင်ပေါ်သူ၊တောင်ပေါ်သားတို့၏ပွဲတော်မှာအလွန်နှစ်သက်စရာကောင်းနေသည်။ထိုမှတစ်ဆင့်တောင်ကြီးမီးပုံးပျံပွဲတော်ဟူ၍လူသိများလာခဲ့သည်မဟုတ်လား။ဒီချယ်ရီတန်းရွာလေးသည်လည်းတောင်ကြီးမြို့၏တစိတ်တဒေသဖြစ်လေသည်။

လွင်ဥယျဥ်လျှောက်ပတ်ကြည့်ရင်းလူတစ်ယောက်ကိုသတိထားမိသွားသည်။ထိုလူပုံကထူးထူးဆန်းဆန်းဖြစ်နေသည် နိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းကလာသည့်လူမျိုးနှင့်မတူ။ဒီရွာကပုံစံနှင့်ပိုတူနေသည်။ရွာခံနှင့်ပိုတူသော်လည်းလွင်ဥယျဥ်သူ့အသက်(၂၄)နှစ်လုံးဒီလူကိုမမြင်ဖူးခဲ့၊သေချာပါသည်။သူ့လောက်ရွာကိုနှံ့စပ်တဲ့သူလည်းမရှိပေ။လွင်ဥယျဥ်သည်ရွာမှ အဖြစ်အပျက်တိုင်းကိုသိနေတတ်သည်။လူမှတ်သည့်နေရာမှာလည်းဥာဏ်ကောင်းလွန်းသည်မို့လွင်ဥယျဥ်မလွဲနိုင်ပေထိုလူဒီရွာကမဟုတ်တာသေချာသည်။

မလိမ္မာတဲ့ နေကြာWhere stories live. Discover now