"ကောင်လေး ဘေးကပ်လို့ပြောနေတယ်လေ!"

ဦးလေးကြီးတစ်ယောက်အော်ပြောသည့်အသံကြားပေမည့်သူနေရာကထမရ၊ဘယ်နားရှောင်ရမှန်းလဲလည်းမသိပေ။မြင်လည်းမမြင်ရ။တရှဲရှဲနှင့်မီးပွားစတွေလောင်နေသည့်အသံကိုသူနီးနီးကပ်ကပ်ကြားနေရသည်။ဒီချိန်မှတော့ရှောင်လည်းမထူးတော့တာကြောင့် ယမ်းစတွေသူ့မျက်နှာချောချောလေးကိုလာစင်မှာစိုးတာနှင့်မျက်နှာကိုလက်ဖြင့်အုပ်ပြီးသာထိုင်နေလိုက်တော့သည်။

ဆောင်းလေအေးလေးတွေရဲ့ကြားမှာသူအနွေးဓာတ်တစ်ခုကို
ခံစားလိုက်ရသည်။တကယ့်ကိုမှနွေးနွေးကလေး။သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ် စောင်နွေးနွေးလေးကအုပ်ထားသလိုမျိုး၊"နွေးတယ်"ဟူသောအသိကိုသာသူတွေးလိုက်မိပါသည်။သူသတိထားမိသွားတာက တစ်ယောက်ရင်ခွင်ထဲဝင်နေရသလိုခံစားချက်။လူတစ်ယောက်ကသူ့ကိုယ်လေးအပေါ်မီးစတွေမထိမိအောင် သူ့မျက်နှာကိုရင်ခွင်ဆီအပ်စေ၍ကာပေးနေသည်။လက်တစ်ဖက်ကသူ့ခေါင်းပေါ်ကိုအဓိကကာပေးနေသည်။ကျန်တစ်ဖက်ကသူ့ကျောလေးကိုဖက်ထားဟန်။ဘေးကလူအုပ်၏အော်သံများကလည်းဆူညံနေသည်။သူအဲ့တာတွေတောင်မကြားချင်တော့။ယမ်းပွားစလေး​တွေကသေးပေမယ့်အန္တရာယ်တော်တော်ပေးနိုင်သည်။ယမ်းကြောင့်အပူလောင်နာ ကြီးကြီးလည်းရသွားနိုင်သည်။

"ကောင်လေးနှစ်ယောက်ဒီဘက်လာခဲ့တော့ မီးပုံးကလောင်နေပြီ!"

"ဟေ့ကောင်လေးတွေ ဒီဘက်ကပ်!!"

သူ့အပေါ်အုပ်မိုးထားသည့်လူ၏ဆွဲခေါ်သွားမှုကြောင့်သူပါ​ေဘေးရောက်သွားသည်။

"ကျွန်တော့် မျက်မှန်လေး..."

"နောက်မှယူ ဒဏ်ရာဖြစ်လိမ့်မယ်"

ထိုလူ့ကိုသူတွေတွေလေးငေးမိသွားသည်။မျက်မှန်မပါတာကြောင့်ဘာမှသဲသဲကွဲကွဲမမြင်ရ​သော်လည်းထိုလူ့ကိုဝိုးတဝါးလေးမြင်နေရသည်။ဖြူဥသောအသားရည်နှင့်အရပ်အမောင်းကောင်းမှုတို့ကိုသူဝါးဝါးလေးမြင်နေရသည်။"မျက်မှန်ကနောက်မှယူလို့မရဘူးလေ တက်နင်းကုန်မှာပေါ့"ဟုသူပြောလိုက်ချင်သည်။သို့သော်လေသံမာမာကြီးထပ်ကြားရမှာဆိုးသဖြင့်ပါးစပ်လေးပိတ်ကာနေလိုက်ရသည်။

မလိမ္မာတဲ့ နေကြာWhere stories live. Discover now