အဲ့ဒီလူပုံစံလေးကပုဆိုးကိုမဝတ်တတ်၊ဝတ်တတ်နှင့်ဝတ်ထားဟန်တူသည်။ပုဆိုးဝတ်ထားသည့်ပုံမှာပုံစံမကျသည့်အပြင်ခါးပတ်ပါ ပတ်ထားသေးသည်။ကျွတ်ကျမှာတော့ကြောက်သား။အဲ့ဒီလူကလွင်ဥယျဥ်ထက်ငယ်မည့်ပုံပေါ်နေသည်။ထိုလူ့ခေါင်း၌လည်းရှမ်းခေါင်းဝတ်လေးဝတ်ထားသေးသည်။လည်ပင်း၌လည်းကင်မရာအကြီးကြီးတစ်လုံးကိုဆွဲထားပါသေးသည်။လွင်ဥယျဥ်ထိုလူ၏​ခြေထောက်ကိုငုံ့ကြည့်မိလေတော့...

"ဟင် ပန်းရောင် ပန်းရောင်ကတ္တီပါဖိနပ်ကြီး"

လွင်ဥယျဥ်အသံထွက်ရယ်မိတော့သည်။ဒီလူ့ပုံကတော်တော်ကြောင်တောင်တောင်နိုင်နေသည်မဟုတ်လား။လွင်ဥယျဥ်ဆက်ကြည့်မနေနိုင်တော့တာမို့လှည့်ထွက်ရန်ပြင်လိုက်တော့သည်။မီးပုံပွဲကစနေပြီလေ...။

"ရှောင်ထားကြဟေ့ မီးပုံပျံတစ်ခုမအောင်မြင်လို့ ယမ်းစတွေမြေပြင်ကို လာစင်နေပြီ"

လူအုပ်ကြီးဟာတခဏအတွင်း ပျက်ကျနေသည့်မီးပုံးပျံ၏ခပ်ဝေးဝေးသို့ရှောင်ကုန်ကြသည်။မီးပုံးပျံကြီးတွေကအရွယ်အစားတော်တော်ကြီးမားတာကြောင့် မအောင်မြင်သည့်အခါယမ်းပွားစတွေမြေပြင်ကိုလာစင်တတ်သည်။အထိအခိုက်ဖြစ်မှာဆိုးသဖြင့်ရှောင်ခိုင်းကြခြင်းပင်ဖြစ်လေသည်။
တခဏအတွင်းဖြစ်ပျက်သွားတာမို့လွင်ဥယျဥ်လည်းယမ်းစတွေမစင်နိုင်သည့်နေရာကိုရှောင်ရန်ပြင်လိုက်တော့သည်။လွင်ဥယျဥ်ဟိုလူကိုဖျက်ကနဲသတိရမိသွားသည်။သူလှည့်ကြည့်မိတော့ ထိုလူကအဲ့နေရာမှာငုတ်တုတ်ကလေးထိုင်လျက်သားရှိနေသည်။တစ်ခုခုပျောက်သဖြင့်ရှာနေဟန်။ယမ်းစတွေကြောက့်ဘေးရှောင်ဖို့ပြောသည့်အော်သံကိုလည်းနားဝင်မည့်ပုံမပေါ်။

လွင်ဥယျဥ်ငေးနေမိရင်းယခုနကမအောင်မြင်သည့်မီးပုံးပျံ၏ယမ်းစများကဆောင်းလေအေးအေးတစ်ချက်ဝေ့လိုက်သဖြင့်ထို့လူ့ထံကပ်လာနေသည်။ထိုလူမရှောင်လျှင်ထိတော့မည်။သူဘာမှမစဥ်းစားနေတော့ပဲ....

********

သူရှာတွေ့မှဖြစ်မည်။ယခုနကယမ်းစတွေကိုရှောင်ဖို့ပြောသည့်အသံကိုသူသေချာပေါက်ကြားသည်။ပြေးရှောင်ဖို့ရန်ပြင်ကာမှလူအုပ်ကြီးရဲ့တိုးတိုက်မှုကြောင့်သူ့မျက်မှန်လေးမြေပြင်ပေါ်သို့ကျသွားလေသည်။သူမျက်မှန်မပါလျှင်ဘာဆိုဘာမှကိုမမြင်ရ၊ယမ်းစတွေရှိတဲ့နေရာကိုတောင်တည့်တည့်ကြီးဝင်တိုးနိုင်ပါသေးသည်။

မလိမ္မာတဲ့ နေကြာWhere stories live. Discover now