"ရိုးမသျှင် ဟဲ့ ရိုးမသျှင် ထစမ်း ထစမ်း"
"ဗျာ ဟုတ် ဟုတ် အန်တီကြီး"
"ထစမ်း ဈေးရောင်းဖို့လုပ်ရမယ်လေ နင့်မှာ အိပ်နေဖို့ အချိန်တော်တော်ရနေလား"
"ဟို ညကအိပ်တာနောက်ကျသွားလို့ပါ အခုထပါ့မယ်"
အိပ်ရာမှ သုတ်သုတ်သက်သက်ထကာ မျက်နှာသစ်သွားတိုက်ပြီးတော့ နာရီကြည့်လိုက်တော့ အချိန်မှာ ၃နာရီခွဲလေပြီ။
"ဟဲ့ ရိုးမသျှင် မြန်မြန်လာစမ်းပါ"
"ဟုတ် ဟုတ် လာပြီ"
အန်တီကြီး မုန့်ဟင်းခါးရောင်းဖို့ ကျွန်တော်ကကူညီပေးရသည်။
"ကြက်သွန်သွားလှီးမြန်မြန်"
"ဟုတ်ကဲ့"
ကြက်သွန်အလုံးပေါင်းများစွာကို လှီးပြီးနောက် မုန့်ဟင်းခါးဖက် သွားဝယ်ရပြန်သည်။ မုန့်ဟင်းခါးဖက် ဝယ်ပြီး ပြန်လာလျှင် အကြော်ဝယ်ရသည်။ ကျွန်တော်ပြန်ရောက်လျှင် ဆိုင်ခင်းရသည်။ ပြီးနောက် ဈေးကူရောင်းရတော့သည်။
"ဟယ် မမိုးစောတယ်နော်"
"အေး စောစောနိုးနေတာနဲ့ ထွက်လာလိုက်တာ ငါ့ကို မန္တလေးပဲကြော်နဲ့ တစ်ပွဲပေး"
"ဟဲ့ ရိုးမကြားတယ်နော် မြန်မြန်လုပ်ပေးလိုက်"
ဟင်းရည်အိုးကို အန်တီကြီးချက်ထားသည် ဆိုပေမယ့် ဈေးစရောင်းရချိန်မှ ဆိုင်သိမ်းချိန်အထိ ကျွန်တော်အလုပ်လုပ်ရသည်။ အန်တီကြီးက လာသမျှ ဧည့်သည်များနှင့် အတင်းတုတ်နေတတ်သည်။ ဒါကိုလည်း ကျွန်တော်အပြစ်မြင်လို့မရပေ။ အန်တီကြီးတို့က ကျွန်တော့်ကျေးဇူးရှင်များဖြစ်နေသည်။
ဆိုင်သိမ်းပြီးလျှင် ဦးတိုးကြီး၏တူရိယာဆိုင်တွင် အကူဝင်လုပ်သည်။ ညနေဘက်တွင် အန်တီငယ်နောက်လိုက်ရပြန်သည်။
"ရိုးမသျှင် မြန်မြန်လာ"
"အယ် အန်တီလေး ခဏခဏ ရေပုံးကျန်ခဲ့ပြီ"
"နင်ဟာလေ လုပ်လိုက်ရင် တလွဲကြီးဘဲ မြန်မြန်လုပ်"
အန်တီငယ်နှင့်အတူ လမ်းထိပ်တွင် ထမင်းကြော်လိုက်ရောင်းရသည်။
YOU ARE READING
ထီးကလေးမိုးပေးပါ
Romanceမိုးမိနေတဲ့ လူတစ်ယောက်အတွက် ထီးကလေးတစ်ချောင်းဘဲလိုအပ်နေတာပါ။
