~~အမှာစာ~~

Zacznij od początku
                                        

သူတို့နှစ်ဦးကြားမည်သို့သော်ငြင်းခုံမှုမျိုးဖြစ်မည်နည်း။ အရပ်ဖက်ရေးရာတွင်အာဏာအရှိဆုံး နယ်စားမင်းနှင့် စစ်ဖက်ရေးရာတွင် ရာထူးအရှိဆုံးဗိုလ်မှူးတို့အကြား အချစ်က မည်သို့ပေါက်ဖွားလာမည်နည်း။
အချစ်ဆိုတာ အယုံအကြည်မရှိသည့် ဗိုလ်မှူးရော နယ်စားမင်းကြောင့် ပြောင်းလဲသွားပါ့မလား။  
အထက်ကအမိန့်ကြောင့် ပြည်သူတွေကိုနှိပ်စက်ဖို့အကြောင်းဖန်လာပေမဲ့ နယ်စားမင်း၏စကားကိုရော ဗိုလ်မှူးက လွန်ဆန်နိုင်ပါ့မလား။သူတို့နှစ်ယောက်ကြားကိုရော ဘယ်လို အနှောက်အယှက်တွေက ဝင်အုံးမလဲ။
သူတို့၏အချစ်ဟာ အမိန့်အောက်က လွှတ်မြောက်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ဖတ်ရှူရမှာဖြစ်ပါတယ်။

Upရက်ကြရင်ပြန်တွေ့ကြမယ်ရှင့်~~~~

Darcy Raiona ~~~~

∆~∆~∆~∆~∆~∆~∆~∆∆

Zawgyi

Hello!!
ဒါစီပါ။ ဒီနေ့ ဒါစီ မိတ်ဆက်ပေးချင်တဲ့ fiction လေးကတော့ 1930ခုနှစ်မှ သာယာဝတီမြို့ကိုအခြေခံထားသည့် အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ "အမိန့်"
ဆိုတဲ့ fiction လေးဖြစ်ပါတယ်။
1930ခန့်က ဇာတ်လမ်းလေးဖြစ်လို့ အခုခေတ်နဲ့ အလွန်ကွဲပြားနေမှာကတော့ အမှန်ပါပဲရှင့်။စိတ်ကူးယဉ် ဇာတ်လမ်းလေးဖြစ်ပေမဲ့ အပြင်တွင် တကယ်တည်ရှိသည့် အဆောက်အအုံများ ကိုထည့်သွင်းထားပါသည်။ ဗြိတိသျှ အငွေ့အသက်တွေပေါများသည့် ဒါစီ၏ နေထိုင်ရာ မြို့ကိုအခြေခံထားသည့်ကြောင့် ဇာတ်အိမ်မခိုင်မှာကိုတော့ စိတ်ပူစရာလုံးဝမလိုပါဘူးရှင့်..။

Mafia fiction တွေရေးရတာအားသာပေမဲ့ ဒီတစ်ခေါက်တော့ ရှေးဆန်ဆန် fiction လေးကိုရေးကြည့်ချင်ပါတယ်။ နူးညံ့မှုကိုရှေ့ဆန်းတင်ပြီး ကလဲ့စားချေမှုလုံးဝမပါသည့် ဒီ fiction လေးကိုရေးရမှာတော့ အနည်းငယ်စိတ်လှုပ်ရှားမိပါတယ် ။ action တွေကိုသာရေးတာများသည့် ဒါစီအတွက်တော့ အခုလို့အနူးအညံ့ fiction ကိုရေးရမယ်ဆိုတော့ စိန်ခေါ်မှုတော့ဖြစ်ပေမဲ့ အကောင်းဆုံးကြိုးစားပါ့မယ်ရှင့်။
Fiction တွေရေးနေပေမဲ့ အခုလိုပုံစံမျိုးကိုတော့ ဒါဟာပထမဆုံးဖြစ်လို့အမှား‌‌‌တွေခွင့်လွှတ်ပေးကြဖို့ ကြိုတင်တောင်းဆိုပါတယ်ရှင့်။

ဒါဆို အချိန်မဆွဲတော့ဘဲ လိုရင်းကိုသွားရအောင်။
ဇာတ်လမ်းလေးကိုမိတ်ဆက်ရရင်တော့ ~~

အဖ၏ ခြေရာကိုနင်းကာ အရပ်ဖက်ရေးရာတွင်ကျမ်းကျင်သူ ၊ သာယာဝတီမြို့သူမြို့သားများ၏ အားထားရသူ ၊ နယ်စားရယ်လို့ဆိုလိုက်သည်နှင့် သူအားအရင်ဆူံးပြေးမြင်ရလောက်အောင် ထူးချွန်ထက်မြတ်သူ၊ တည်ငြိမ်အေးချမ်းသော်လည်း ကိုယ့်မြို့သူမြို့သားကိုလာထိသည့်အခါ မျက်ဝန်းနက်က
ဒေါသမာန် ပြည့်နှက်သွားတက်သည့် သာယာဝတီနယ်စားမင်း~~

၉၁ ဌာန အုပ်ချုပ်ရေးကြောင့် မတည်မငြိမ်သော  သာယာဝတီမြို့ကို ထိန်းသိမ်း၍ ဘုရင်ခံ၏ အမိန့်အရ သာယာဝတီကို ပြောင်းလာသည့် ‌ဗြိတိသျှဗိုလ်မှူး၊ တည်ငြိမ်ပြီးအေးစက်သည့် အသွင်အပြင် ၊ အချစ်ဆိုတာကိုအယုံအကြည်မရှိသူ၊ မြူမှိုင်းတို့ အုပ်မိုး‌နေသည့် မီးခိုးရောင်မျက်ဝန်းက လူအများကိုနှိပ်စက်နေရလျှင် ပြုံးယောင်သန်သွားတက်၍ အေးစက်လှသည့် နှလုံးသားပိုင်ရှင် ...
ဗြိတိသျှဗိုလ်မှူး~~~



Darcy Raiona ~~~~

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Jun 21 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

"အမိန့်"Opowieści tętniące życiem. Odkryj je teraz