Hello!!
ဒါစီပါ။ ဒီနေ့ ဒါစီ မိတ်ဆက်ပေးချင်တဲ့ fiction လေးကတော့ 1930ခုနှစ်မှ သာယာဝတီမြို့ကိုအခြေခံထားသည့် အချစ်ဇာတ်လမ်းလေးဖြစ်တဲ့ "အမိန့်"
ဆိုတဲ့ fiction လေးဖြစ်ပါတယ်။
1930ခန့်က ဇာတ်လမ်းလေးဖြစ်လို့ အခုခေတ်နဲ့ အလွန်ကွဲပြားနေမှာကတော့ အမှန်ပါပဲရှင့်။စိတ်ကူးယဉ် ဇာတ်လမ်းလေးဖြစ်ပေမဲ့ အပြင်တွင် တကယ်တည်ရှိသည့် အဆောက်အအုံများ ကိုထည့်သွင်းထားပါသည်။ ဗြိတိသျှ အငွေ့အသက်တွေပေါများသည့် ဒါစီ၏ နေထိုင်ရာ မြို့ကိုအခြေခံထားသည့်ကြောင့် ဇာတ်အိမ်မခိုင်မှာကိုတော့ စိတ်ပူစရာလုံးဝမလိုပါဘူးရှင့်..။
Mafia fiction တွေရေးရတာအားသာပေမဲ့ ဒီတစ်ခေါက်တော့ ရှေးဆန်ဆန် fiction လေးကိုရေးကြည့်ချင်ပါတယ်။ နူးညံ့မှုကိုရှေ့ဆန်းတင်ပြီး ကလဲ့စားချေမှုလုံးဝမပါသည့် ဒီ fiction လေးကိုရေးရမှာတော့ အနည်းငယ်စိတ်လှုပ်ရှားမိပါတယ် ။ action တွေကိုသာရေးတာများသည့် ဒါစီအတွက်တော့ အခုလို့အနူးအညံ့ fiction ကိုရေးရမယ်ဆိုတော့ စိန်ခေါ်မှုတော့ဖြစ်ပေမဲ့ အကောင်းဆုံးကြိုးစားပါ့မယ်ရှင့်။
Fiction တွေရေးနေပေမဲ့ အခုလိုပုံစံမျိုးကိုတော့ ဒါဟာပထမဆုံးဖြစ်လို့အမှားေတွခွင့်လွှတ်ပေးကြဖို့ ကြိုတင်တောင်းဆိုပါတယ်ရှင့်။
ဒါဆို အချိန်မဆွဲတော့ဘဲ လိုရင်းကိုသွားရအောင်။
ဇာတ်လမ်းလေးကိုမိတ်ဆက်ရရင်တော့ ~~
အဖ၏ ခြေရာကိုနင်းကာ အရပ်ဖက်ရေးရာတွင်ကျမ်းကျင်သူ ၊ သာယာဝတီမြို့သူမြို့သားများ၏ အားထားရသူ ၊ မြို့စားရယ်လို့ဆိုလိုက်သည်နှင့် သူအားအရင်ဆူံးပြေးမြင်ရလောက်အောင် ထူးချွန်ထက်မြတ်သူ၊ တည်ငြိမ်အေးချမ်းသော်လည်း ကိုယ့်မြို့သူမြို့သားကိုလာထိသည့်အခါ မျက်ဝန်းနက်က
ဒေါသမာန် ပြည့်နှက်သွားတက်သည့် သာယာဝတီမြို့စားမင်း~~
၉၁ ဌာန အုပ်ချုပ်ရေးကြောင့် မတည်မငြိမ်သော သာယာဝတီမြို့ကို ထိန်းသိမ်း၍ ဘုရင်ခံ၏ အမိန့်အရ သာယာဝတီကို ပြောင်းေရွ့လာသည့် ဗြိတိသျှဗိုလ်မှူး၊ တည်ငြိမ်ပြီးအေးစက်သည့် အသွင်အပြင် ၊ အချစ်ဆိုတာကိုအယုံအကြည်မရှိသူ၊ မြူမှိုင်းတို့ အုပ်မိုးေနသည့် မီးခိုးရောင်မျက်ဝန်းက လူအများကိုနှိပ်စက်နေရလျှင် ပြုံးယောင်သန်သွားတက်၍ အေးစက်လှသည့် နှလုံးသားပိုင်ရှင် ...
ဗြိတိသျှဗိုလ်မှူး~~~
YOU ARE READING
"အမိန့်"
Historical Fiction1930 ခန့်က အချစ်ဇာတ်လမ်းတစ်ခု.~~~~~ မြို့စားမင်းနှင့် ဗြိတိသျှဗိုလ်မှူးတို့၏ သံယောဇဉ်~~~
