💞 အမုန်းတို့ဖြင့် တန်ဆာဆင်သော အချစ် 💞**
အပိုင်း (၁၂)
အေး အခန်းထဲမှာ စာအုပ်တွေကို ဖွင့်ကြည့်ရင်း သူမရဲ့စိတ်ထဲမှာ ဟိန်းထွဋ်ရဲ့အပြုံး၊ သူ့ရဲ့နူးညံ့တဲ့စကားလုံးတွေ၊ သူမကို "ကိုကိုသု"လို့ ခေါ်ခွင့်ပေးတဲ့အချိန်က သူ့မျက်လုံးတွေမှာတွေ့ရတဲ့ နွေးထွေးမှုတွေက အေးရဲ့နှလုံးသားကို ထပ်ခါထပ်ခါ လှုပ်ခတ်နေစေခဲ့သည်...
"ငါ... သူ့ကို ဘာဖြစ်နေတာလဲ..."
အေး သူမရဲ့ရင်ဘက်ကို လက်နဲ့ဖိကြည့်ရင်း တစ်ယောက်တည်း ပြန်တွေးမိ၏...
သူမရဲ့ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားနေမိပေမယ့် သူမရဲ့စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အတွေးတွေက ပိုများလာကာ
ထိုညတစ်ခုလုံး သူမအိပ်ပျော်ဖို့ ခက်ခဲခဲ့သော်လည်းကြိုးစားပြီး အိပ်လိုက်ရတော့သည်
...
နောက်တစ်နေ့မနက်၊ အေးက မနက်စာပြင်ဆင်ရင်း ဟိန်းထွဋ်ရဲ့အသံကို ကြားလိုက်ရသည်...
"အေးလေး... မနက်စာပြင်ဆင်နေတာလား..."
အေးက လှမ်းလှည့်ကြည့်လိုက်တော့ ဟိန်းထွဋ်က သူမရဲ့နောက်မှာ ရပ်နေပြီး ပြုံးနေတာကို တွေ့လိုက်ရတော့
"ဟုတ်ကဲ့... ကိုကိုသု...
ဒီနေ့ အစောကြီး နိုးနေတာလား..."
"ဟုတ်တယ် အေးလေး
ဒီမနက် အစည်းအဝေးရှိလို့လေ..."
"ကူလုပ်ပေးမယ်လေ..."
"ရပါတယ်ရှင့်..."
ထိုစဉ် ဟိန်းထွဋ်၏ ဖုန်းမှ ဖုန်းသံမည်လာ၏...
"ဟယ်လို တီတီကြီး..."
"သားထွဋ် ရတီကို
သားနေတဲ့ လိပ်စာပေးလိုက်တယ်...
လာရင် ကောင်းကောင်းဧည့်ခံလိုက်ဦးနော်..."
"ရတီ ..."
"သားကလည်း မေ့နေပြီလား
မင်းအန်ကယ်မင်းဒင်သမီးလေ ဆုရတီလေး..."
"အော် ဟုတ်ကဲ့ သားမှတ်မိပြီတီတီကြီး..."
"အေးအေး သားလေး သမီးရတီလေးက
စင်ကာပူမှာ ACCA Part 2ပြီးခဲ့တာတဲ့
သားအတွက် အကူအညီရတာပေါ့လေ..."
"ဗျာ ဟုတ်ကဲ့ တီတီကြီး
သား ဒီမနက်အစည်းအဝေးရှိသေးလို့ နေ့လည်မှ ပြန်ခေါ်မယ်နော်..."
YOU ARE READING
💞 အမုန်းတို့ဖြင့် တန်ဆာဆင်သော အချစ် 💞
Romance"တစ်ချို့ချစ်ခြင်းတွေက မီးလိုပဲ... ငြင်းပယ်လိုက်တိုင်း ပိုပြီးပြင်းထန်စွာ လောင်ကျွမ်းတတ်ပါတယ်..." ဟိန်းထွဋ်သုရှိန်+သင်းပျံ့အေးကြည်
