Han 1

1.1K 39 2
                                        

Joseon ခေတ်။
ဘုရင် Yeonsangun လက်ထက်
1494 ခုနှစ်ခန့်။

အမှောင်ထုသည်  နန်းမြို့တော် ဟန်ဆောင်း အပေါ်သို့ ကြီးစိုးနေလေပြီ၊ ပတ်ဝန်းကျင်၌လည်း တိတ်ဆိတ်မှုက မင်းမူလျက်ရှိသည်၊

ဒီညတွင်၊
Manoban တစ်ယောက် Gisaeng အဆောင်မှ တစ်ဆင့် မှုန်ပြပြလေးသာလင်းသော လရောင်၏ အမှောင်ထုကို အားပြုကာ သူ၏ ချစ်ရသူဖြစ်သော Kim Ji Yong နဲ့တွေ့ဆုံရန် ထွက်လာခဲ့သည်၊

ဘယ်လောက်ပဲတုန်လှုပ်ခြောက်ခြားစရာ ကောင်း‌နေပါစေ ချစ်သူ၏ ရင်ခွင်ကို ခိုလှုံရလျှင် အကုန်လုံးအဆင်ပြေပြီးဟု Manoban တွေးမိသည်၊

Siam လူမျိုးမလေး Manoban ၏ နှလုံးသားတစ်ခုသည်၊ မျိုးရိုးမြင့် သခင်လေး တစ်ယောက်အပေါ်သို့ ပုံအပ်ထားခဲ့သည်၊

သူသာလျှင် တစ်ယောက်သောချစ်ရသူ၊ သူသာလျှင် တစ်ယောက်သော အားကိုးရာဖြစ်သူ၊ သူသာလျှင် Manoban ၏ ဘဝဖြစ်လေသည်၊

ချိန်းဆိုတဲ့နေရာရောက်တော့ သူမ ခြံတံခါးကို အသာတွန်းဖွင့်လိုက်သည်၊ အိမ်က အတွင်းပိုင်းမှာ မှောင်နေဆဲပင်၊ သူမ အလင်းခပ်မှုန်မှုန်လေးအောက်မှ အိမ်၏ တံခါးရွက်လေးဆီကို ဖြည်းဖြည်းချင်းသတိထားသွားသည်၊

ဒေါက်၊ ဒေါက်။

သူမ တံခါးရွက်လေးကို တိုးတိုးလေး အသံတိုတိုပြတ်ပြတ် နားပြီးခေါက်လိုက်သည်၊ တံခါးရွက်လေးက အသာလေးဟ သွားသည်၊

သူမ အတွင်းပိုင်းထဲသို့ ဖြည်းဖြည်းလေးဝင်လိုက်သည်၊ အထဲမှ တံခါးကို ပြန်ပိတ်လိုက်သည်၊

သခင်လေးက ဆီးမီးခွက်သေးသေးလေးကို ထွန်းလိုက်သည်၊ အခန်းက မှုန်ပြပြလေး လင်းသွားသည်၊

သခင်လေးရဲ့ မျက်နှာကို မြင်တော့ Manoban ၏ ရင်ခုန်သံတွေက ဆူညံနေဆဲ၊ သခင်လေးကို သူ ဝမ်းသာအားရဖက်လိုက်သည်၊

ပြီးတော့ သခင်လေးနှုတ်ခမ်းကို နမ်းလိုက်သည်၊ သို့သော် သခင်လေးက အရင်လို နွေးထွေးမှုမရှိတော့၊ Manoban ရဲ့ နှုတ်ခမ်းလေးက နူးညံ့လိုက်တာလို့ မဆိုတော့၊ သတိရနေတာလို့ မပြောတော့ပေ၊

Han ( 恨 )Stories to obsess over. Discover now