|December 18, Singapore|
ဒီနေ့နဲ့ဆို ဂျောင်ဝန်း သူ မမတို့လင်မယားရှိရာ Singaporeကို ကျောင်းပိတ်ရက်အလည်လာတာ ၁ပတ်တိတိ ပြည့်သွားပြီဖြစ်၏။ ကျောင်း ပိတ်ရက်တွေမတိုင်ခင်ကသူတို့အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတွေ တွက် အရေးကြီးဆုံးနဲ့ ဝန်အပိခဲ့ရဆုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလည်း သူကြိုးစားခဲ့သလောက်နဲ့ထပ်တူ အားရစွာလည်းဖြေနိုင်ခဲ့တာမို့ လက်ရှိခြေနေရဲ့ သူ့စိတ်လေးက ငှက်မွှေးလေးလို လွတ်လပ်ပေါ့ပါးနေပြီး ပင်ပန်းကြိုးစားထားတွေတွက် သူ့ကိုယ်သူလည်းအစွန်းကုန် ပြန်အလိုလိုက်ဖို့ဆုံးဖြတ်ထား၏။ သူတို့ ကိုရီးယားက ခုချိန်ဆိုအေးလွန်းတဲ့အချိန် ဆောင်းရာသီမို့ သူအအေးရှောင်ဖို့ရော တခြားပိတ်ရက်တွေနဲ့မတူအောင် ကုန်ဆုံးချင်တဲ့ adventurous အရမ်းဖြစ်နေတဲ့ စိတ်လေးကြောင့်ရောက မရောက်ဖူးတဲ့နေရာကို ဘဝမှာ ပထမဆုံးကြိမ်ဖြစ် တစ်ယောက်ထဲတောင် လေယာဉ်စီးပြီး ရောက်လာခဲ့တာဖြစ်၏။
အိုမားက ကျိန်းသေပေါက်တားခဲ့တာပေမဲ့ အာပါးက သူ့ကိုယုံကြည်တာကြောင့်ရော မြီးကောင်ပေါက် ယန်းဂျောင်ဝန်းလေးတို့က ဒီတခါတော့ အိုမားစကား နားမထောင်ပဲ သူ့စိတ်ကလေးက ဖြစ်ချင်တာကိုရှေ့တန်းတင်လိုက်မိပြီး အိုမားက ဂျောင်ဝန်းကိုအရွယ်ရောက်လာတော့ သူ့စကားတောင် နားမထောင်ပဲ ဂျစ်တိုက်တတ်နေပြီပေါ့ဆိုပြီး စစနောက်နောက်ပြောပြီး လက်လျှော့ပေးခဲ့ရ၏။ အရင်ကတည်းက လာလည်စေချင်နေတဲ့ မမတို့လင်မယားကလည်း ကိုယ်ပိုင်အခန်းပါ ပြင်ထားပေးခဲ့လို့ ဂျောင်ဝန်းက ရေကန်အသင့်ကြာအသင့်ပေမဲ့ ဒီရောက်လာပြီးမှ အပြင်ထွက်လည်ဖို့ကိုတော့ခုထိ အပျင်းတစ်နေတုန်းရယ်။
November လနဲ့မတိုင်ခင်ကလတွေတုန်းကဆို သူ Suneung တွက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရလို့ ပျက်ခဲ့ရသမျှ အိပ်ရေးကိုခုမှ အတိုးချပြီး အိပ်ချင်သလောက်အိပ်နေမိ၏။ မမတို့ကလည်း သူ့စိတ်ကြိုက် အစွန်းကုန်အလိုလိုက်ပေးနေတာမို့ ဂျောင်ဝန်းတို့က အရမ်းကို စိတ်လွတ်ကိုယ်လွတ်ဖြစ်နေမိရောအအေးရှောင်လို့ ပေါက်ကရ ခေါင်းစဉ်တပ်ပြီးမှ ဒီရဲ့ အပူဒဏ်ကို ဂျောင်ဝန်း ရုန်းကန်နေရတုန်းရယ်။
YOU ARE READING
Ours
FanfictionJy:Instead of dragging you into my uncertain and pitiful life, please let me keep my love for you locked away forever. Jw:I'm not alone and you will also never be alone. If we face it together, I believe we can change all those uncertainties into ce...
