အပိုင်း-၉
သူငယ်ချင်းရဲ့ coffee ဆိုင်သို့ ဒေါက်တာမင်းခန့်ပိုင် စောပီးထွက်လာလိုက်သည်။ကားမောင်းရင်းမနေ့က သူရနဲ့ပြောတာတွေကို သတိရနေမိသည်။
"မင်းခန့် မင်းဒီတိုင်းငေးနေမယ့်အစား ကောင်မလေးကိုကြိုးစားကြည့်ပါလား သူလာစောင့်တာလဲတပါတ်ကျော်နေပီသူစောင့်နေတဲ့သူလဲမလာတော့လေ မင်းတွက်အခွင့်ရေးရနိုင်တာပေါ့"
"ဟာ ဒီတိုင်းလေးပဲကောင်းပါတယ် ငါလဲဘွဲ့လွန်တက်ဖို့နိုင်ငံခြားကို နောက်၃ရက်လောက်ဆိုသွားရမှာ"
"ဟေ့ရောင် မင်းခန့် မင်းကလဲသရဲဘောကြောင်တာကွာ
ခုခင်မင်အောင်လုပ် မင်းနိုင်ငံခြားရောက်တော့ social media တခုခုကနေကြိုစားပေါ့ မင်းသွားမှာ၃နှစ်ဆိုတော့ အဆင်ပြေရင်ပြန်လာတာနဲ့မင်ဂလာဆောင်ရုံပဲ ဘယ်လောက်
အဆင်ပြေလဲ"
"အေးမင်းပြောလို့ငါ ကြိုးစားကြည့်မယ်"
ဆိုကာကောင်မလေးကိုကြည့်လိုက်တော့ ပိုက်ဆံရှင်းကာထပြန်သွားတာမို့ သူရက
"မနက်ဖြန်ပေါ့ကွာ"
ဆိုပီးအားပေးထားတာမို့ ဒီနေ့ တက်ကြွစွာနဲ့coffeeဆိုင်လေးသို့လာခဲ့သည်။
ဝတ်မှုန် coffeeဆိုင်လေးဆီကိုထွက်လာရပေမဲ့ လူကအားမရှိပါ တပါတ်ကျော်ထိ ကိုကိုနဲ့မတွေ့ရဘူးဆိုတော့ ကိုကိုနဲ့
တကယ်များဝေးပီးလားဆိုတဲ့အတွေးတွေနဲ့ ငိုချင်စိတ်ကို
ထိန်းကာ YBS စောင့်နေလိုက်သည်။ထိုစဉ်အိတ်ထဲကဖုန်း
မြည်လို့ ထုတ်ကြည့်တော့နံပါတ်စိမ်းတခုမို့ မကိုင်ပဲထား
လိုက်တော့ ၂ကြိမ်လောက်ဆက်တိုက်ခေါ်နေတာမို့
ကိုင်လိုက်တော့
"ဟလို"
"သည်း ကိုကိုပါ"
"ဟင်း တကယ် တကယ် ကိုကိုလား ဟင့်ဟင့်"
"ဟား သည်း မငိုနဲ့လေ တကယ်ကိုကိုပါ ခုသည်းဘယ်မှာလဲ ကိုကိုလာခဲ့မယ်နော် ကိုကိုနဲ့တွေ့မှငို"
"ဟုတ် ကိုကို သည်းက"
ဆိုကာ ဝတ်မှုန်ရောက်နေတဲ့နေရာလေးကိုပြောပြကာ YBS မစီးတော့ပဲ အနီးဆံုး shopping mallထဲက မုန့်ဆိုင်မှာ
ထိုင်ကာစောင့်ဖို့ ကိုကိုကပြောတာမို့ စောင့်နေလိုက်သည်။
ВЫ ЧИТАЕТЕ
ချိုမြိန်တဲ့ချစ်ဒုက္ခ
Любовные романыဝတ်မှုန်သွေး ဝတ်မှုန်ဘဝကို အေးအေးချမ်းချမ်းလေးပဲနေရတာကိုသဘောကျပေမဲ့ အချစ်ဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ရောက်လာတဲ့ယောက်ကျားတယောက်ကြောင့် ဘဝကြီးတခုလံုးစုတ်ပြတ်သွားရသလို စုတ်ပြတ်သွားတဲ့ဘဝကြီးကို သွေးဆိုတဲ့ဘဝနဲ့ လူတွေကြားထဲ ခေါင်းမော့ပီးနေလို့ရတဲ့အထိ မြှင့်တင်...
