ကျွန်မအသက်ထက်ကို မြတ်မြတ်နိုးနိုးချစ်ရပါသော မိန်းမငယ်လေး... သူမရဲ့နာမည်က သံသာလွင်တဲ့ .. အသက်ကတော့ ကျွန်မထက်မတိမ်းမယိမ်းလေးကြီးတယ်.. သို့ပေမယ့် သိပ်ကိုကလေးဆန်လွန်းတဲ့သံသာ့ကို ကျွန်မကပဲ အမြဲတမ်းအလျှော့ပေးရလေရဲ့။
အသက်ကသာ ကျွန်မထက်ကြီးတာ ရုပ်ရည်အရရော စိတ်ဓာတ်ပိုင်းဆိုင်ရာရော အရာရာအားလုံးမှာ သံသာကငယ်သူပဲ။
သွက်လက်တယ်၊ဖြတ်ထိုးဉာဏ်ကောင်းတယ်၊ဒါ့အပြင်သံသာ့ရဲ့အသံလေးက သိပ်ကိုချစ်ဖို့ကောင်းရှာတယ် ..
သံသာစကားပြောလိုက်တိုင်းမှာ တစ်ဒုတ်ဒုတ် ခုန်နေတဲ့ကျွန်မနှလုံးသားလေးကို ဘယ်လိုများထိန်းချုပ်ရပါ့မလဲနော်..
~~~~~~
ကျွန်မအိပ်နေချိန်မှာပဲ သံသာ့ဆီကဖုန်းဝင်လာလေတယ်။ဖုန်းကိုကိုင်လိုက်တော့ သံသာ့ဆီကဝမ်းနည်းတကြီး ရှိုက်ငိုနေသောအသံလေးကို ကျွန်မကြားလိုက်ရသည်။သံသာ့ငိုသံကြားလိုက်ရတဲ့ကျွန်မရင်ဟာလဲ မီးခဲကြီးမျိုချလိုက်ရသလိုပင် ပူသွားရသည်။ သံသာငိုနေရင်းနဲ့ပဲ စကားစမြည်ကာပြောလိုက်လေတယ်။
" တိမ်ညို ... ငါ့အတန်းထဲက ငါ့ရဲ့ crushလေ မနေ့ကသူငါ့ကို dateဖို့ပြောခဲ့တယ်လေ
ဒီနေ့dateတော့ကျ သူ့အသိဆိုတဲ့ယောက်ျားတစ်ယောက်ပါပါလာပြီး အဲ့တစ်ယောက်နဲ့ငါ့ကိုထားခဲ့တယ် အဲ့တစ်ယောက်ကတကယ့်ကိုနှာဘူးပဲ စကားပြောတာတောင်ငါ့ရင်ဘက်ကိုပဲကြည့်နေတာ ..နောက်ပြီးတော့လဲသူပြောတဲ့စကားတွေက တကယ့်ကိုတနှာရူးစကားတွေပဲ တိမ်ညို "
သံသာလွင် ပြောတဲ့အဖြစ်ပျက်ကြောင့် တိမ်ညို သံသာ့ကိုပိုစွာစိတ်ပူသွားရသည်။
" သံသာ နင်အခုအဆင်ပြေရဲ့လား နင်အခုဘယ်မှာလဲ ငါလာခေါ်ရမလား သံသာ "
" ငါ့ကို လူကြားထဲတောင်ဆွဲလားရမ်းလားလုပ်တယ် တကယ့်ကိုစိတ်ပျက်စရာကောင်နဲ့ငါ့ကိုထားခဲ့တာပဲ သူကဘာလို့ငါ့ကိုအဲ့လိုကောင်နဲ့ထားခဲ့ရတာလဲ သူတမင်ပဲအဲ့ကောင်နဲ့ဂွင်ဖန်ပေးခဲ့တာလား .. ဘာလို့သူအဲ့လိုလုပ်ရက်ရတာလဲ .. "
YOU ARE READING
My Sunshine Has Finally Risen
General Fictionအချစ်ဦးဆိုတာမေ့လို့မရပေမယ့် ချစ်လို့တောင်မရတော့မဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အကြောင်းတွေဟာလည်း တစ်ခါတစ်ယံအတွေးထဲမှာပေါ်လာတတ်တဲ့ ' ခဏတာဝင်ရောက်လာတဲ့ အတွေးတစ်ခု ' ဖြစ်နေရုံလေးပါပဲ။
