Part - 1

847 44 5
                                        

သာယာတဲ့မနက်ခင်းလေးတစ်ခုမှာ…(ဂယူးဗင်းအတွက်တော့မသာယာပါသော) မျက်တွင်းဟောက်ပက်နဲ့ထမင်းစားခန်းထဲသို့ဂယူးဗင်းဝင်လာခဲ့သည်။

"ဂင်မ်ဂယူးဗင်း နင့်မျက်ခွက်ကိုလဲနင်မှန်ထဲမှာပြန်ကြည့်ဦး မျက်တွင်းက 165 ပေလောက်နက်နေပြီ ဘာအလုပ်အကိုင်မှလဲမရှိဘဲကို ညဘက်တွေစောစောစီးစီးအိပ်လေ!"

စားပွဲမှာဝင်ထိုင်လိုက်တာနဲ့ မားသားကြီး၏ဆူပူကြိမ်းမောင်းမှုများအားခံရလေသည် ဂယူးဗင်းကတော့ နေတိုင်းလိုလိုဆိုတော့ရိုးနေပြီဖြစ်ရာ ဘာမှပြန်မတုံ့ပြန်ပဲ ပေါင်မုန့်မီးကင်ကိုသာတစ်မြုံ့မြုံ့ဝါးနေလိုက်သည်။

"ဂယူးဗင်း အဖေ့ company မှာအလုပ်ဝင်မလား?"

"ဟင့်အင်"

ဂယူးဗင်းကိုအဖေကအခွင့်အရေးပေးပါသော်လဲ သားလိမ္မာလေးပီပီတစ်ချက်တောင်မတွေဝေဘဲတန်းငြင်းလိုက်သည်။

"အေး အဲ့တာဆိုလဲမင်းထိုက်နဲ့မင်းကံ ခံလိုက်တော့ဟေ"

"ဘာလဲအဖေတို့ကသားကိုရောင်းစားတော့မလို့လား အဲ့တာဆိုလဲဈေးမြင့်မြင့်ရမှရောင်းနော် သားကဒီကမ္ဘာပေါ်မှာတစ်ခုထဲရှိတဲ့ limited edition လေး ဟဲဟဲ"

ဂယူးဗင်းကကပြောင်စပ်စပ်သာပြောလိုက်သော်လဲ အဖေပြန်ပြောသောစကားကြောင့် ကော်ဖီပါသီးသွားရသည်။

"နောက်မနေနဲ့ငါ့သား ငါတို့မင်းကိုတကယ်ရောင်းစားတော့မှာ…"

"ဗျာ!!! အဟွတ် အဟွတ်!"

ဂယူးဗင်းအဖေ့မျက်နှာကိုကြည့်လိုက်တော့နောက်နေတဲ့ပုံတစ်စက်မှမပေါ် အမေ့မျက်နှာကြည့်လိုက်ပြန်တော့လဲ မျက်နှာသေကြီးဖြင့်သာ

ဂယူးဗင်းခေါင်းထဲအတွေးပေါင်းမြောက်များစွာဝင်ရောက်လာသည်။

'ငါ့ကိုမာဖီးယားဂိုင်းထဲရောင်းလိုက်တာများလား ဒါမှမဟုတ် သင်္ဘောသားတွေဆီများရောင်းလိုက်တာလား အဲ့တာဆိုငါစည်ပိုင်းထဲဝင်ရတော့မှာလား!'

ဂယူးဗင်းတွေးရင်းဖင်ပါကြိမ်းသွားရသည်။

"အဖေ့!! သားကိုဘာလို့ရောင်းစားမှာလဲဟင် ဒီလောက်ချောတဲ့သားလေးကိုဘာလို့ရောင်းမှာလဲလို့ ကမ္ဘာပေါ်မှာရှိတဲ့တစ်ခုတည်းသော limited edition လေးနော် အဖေတို့ဗျာ သားကဒီလောက်အဖေတို့အတွက်ရုပ်ချောပေးခဲ့တာကို အဖေတို့မို့လုပ်ရက်တယ်ဗျာ~~"

𝙷𝚘𝚗𝚎𝚢'𝚜 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢Historias para obsesionarse. Descúbrelo ahora