ကျားရွေ့အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ နေတောင်ဖင်ထိုးတော့မည်ဖြစ်သည်။နိုးလာတော့ အညောင်းပြေအကြောဆန့်လိုက်သည်။တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ပြီးတဲ့နောက် အခန်းပြင်ကို ထွက်လာလိုက်တယ်။
ညတုန်းကလို မှောင်မဲနေတာကြောင့် လရောင်ဖြာ၍ အနည်းငယ်တာမြင်ရတဲ့ ပတ်ဝန်းကျင်ကို နေ့ဘက်မြင်ရတော့ မတူပေ။နေ့ဘက်တွင် ပန်းဥယျာဉ်သဖွယ် လှပါ့လွန်းသည်။ပန်းပွင့်အချို့များပေါ်တွင် ရောင်သွေးစုံတဲ့ လိပ်ပြာလေးများ ပျံဝဲနေကြသေးသည်။
ကျားရွေ့ငေးကြည့်နေမိတုန်း သူ့အနားကို လူတစ်ယောက်ရောက်လာတာကြောင့် လှည့်ကြည့်လိုက်တယ်။
"ကောက ထျန်အာ ကိုေနှာက်ယှက်သလိုဖြစ်သွားတာလား"
"မဖြစ်ပါဘူး"
ခေါင်းလေးခါရမ်းလို့ ပြန်ဖြေလိုက်တယ်။
"(ဘာလဲ သူက ငါ့ကိုသိနေတာလား ပြီးတော့ သူ့ပုံစံ ရင်းနှီးနေသလိုပဲ)"
ကျားရွေ့အဲ့လူကိုကြည့်ပြီး အတွေးများနေလေသည်။
အူတူတူပုံလေးဖြင့် သူ့ကိုကြည့်ကာ အတွေးများနေတဲ့ ကျားရွေ့ကိုကြည့်ပြီး အသည်းယားမိသည်။
"ထျန်အာက ရောက်ကတည်းက ကောကို ထူးဆန်းသလိုဖြစ်နေတာ သတိထားမိတယ်"
ကျားရွေ့ဘာပြန်ဖြေရမလဲ မသိဖြစ်နေတဲ့အချိန် ဝမ်သော ရောက်လာပြီး ကျားရွေ့အစား ပြန်ဖြေပေးလိုက်တယ်။
"ကျားရွေ့က အဲ့တုန်းက အရမ်းငယ်သေးတော့ မင်းကိုမမှတ်မိတာဖြစ်မှာပေါ့"
ကျားရွေ့က ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိတ်ပြလာတယ်။သူက တကယ်တော့ မမှတ်မိတာမဟုတ်ဘဲ သိကိုမသိတာဖြစ်သည်။
"ကိုယ်က သိတယ်ထင်နေတာ အဲ့တာဆိုလဲ ပြန်မိတ်ဆက်ပေးရမှာပေါ့"
ကျားရွေ့ခေါင်းငြိတ်၍သာပြန်ဖြေသည်။
"ကောက ချန်အိမ်တော်ရဲ့ လက်ရှိသခင်ကြီး ချန်လေ့"
ကျားရွေ့ကြောင်အသွားရပြန်သည်။
"ဟမ်! (ချန်..ချန်လေ့တဲ့ သူက ဘုရင့့်ပိုင်ဆိုင်မှုေတွထက်ကို ချမ်းသာတယ်ဆိုတဲ့ ဇာတ်ကောင်မလား)"
ŞİMDİ OKUDUĞUN
ငါ့အတွက်ငါ့လင်တွေရှိတယ်
Hayran Kurguမူရင်းအပြင်လောက က actorများအားထိခိုက်လိုခြင်းမရှိပါ။စိတ်ကူးရင် အပျော်သဘောဖြင့် ဖန်တီးထားခြင်းဖြစ်ပါသည်။ ရွေ့ရွေ့တစ်ယောက်တည်း Bottomပါ။ကျန်သူများကို Top အဖြစ်ဖန်တီးရေးသားထားပါသည်။
