One

191 11 0
                                        

နေရောင်ခြည်နုနုကပြတင်းပေါက်ကနေ ဖြည်းညင်းစွာ ထိုးဖောက်ဝင်ရောက်လာပေမဲ့ နီခီရဲ့ နိုးထလာခြင်းကတော့ လုံးဝငြိမ်းချမ်းမှုမရှိပေ။

"ဟေ့! ငါ့ဖိနပ် ဘယ်ရောက်သွားလဲ!"

အိမ်တော်ကြီးရဲ့တစ်ထပ်လုံးဟာနီခီ(Niki)ရဲ့ အော်ဟစ်သံကြောင့် ပဲ့တင်ထပ်သွားသည်။ မနက်စောစောစီးစီး သူ့ရဲ့ဒေါသသံကြောင့် အိမ်တော်ထိန်းဦးလေးကြီးတစ်ယောက် အိပ်ချင်မူးတူးနဲ့ လှေကားပေါ်ကနေ အပြေး
အလွှား ဆင်းလာရသည်။

"သခင်လေး... ဘာဖြစ်လို့ပါလဲ?"

သူ့ရဲ့ အသံမှာ စိုးရိမ်မှုတွေ ရောယှက်နေတယ်။ သခင်လေးရဲ့ဒေါသက ဘယ်အချိန်မှာ ဘယ်လိုပေါက်ကွဲမယ်ဆိုတာ သူခန့်မှန်းလို့ မရဘူးလေ။

"ငါ့စီးမယ့်ဖိနပ်ကို ဘယ်သူမှမတိုက်ထားဘူး! ငါ့ကို ဘယ်လိုထင်နေကြတာလဲ!"

နီခီ့ရဲ့မျက်နှာက နီရဲတွတ်နေပြီး မျက်လုံးတွေကလည်း မီးဝင်းဝင်း တောက်နေသည်။ မနေ့ညကမှသခင်လေး ပြန်ရောက်တာမို့ ဖိနပ်ကို မတိုက်ရသေးဘူးဆိုတာ သိပေမဲ့ ဘာမှ ပြန်မပြောရဲပေ။

"ကျွန်တော်... ကျွန်တော် ချက်ချင်းပဲ သွားကြည့်လိုက်ပါ့မယ် သခင်လေး"

အိမ်တော်ထိန်း အလျင်အမြန် လှည့်ထွက်သွားတော့မှ နီခီတစ်ယောက် ဆိုဖာပေါ်ကို ပြန်ထိုင်ချလိုက်သည်။ သူ့ရဲ့ မျက်နှာမှာတော့ မကျေမနပ် အမူအရာတွေက အထင်းသား ကျန်နေဆဲ။

ခဏအကြာမှာ အိမ်ဖော်မလေးတစ်ယောက် အရေးကြီးသုတ်ပြာနဲ့ ရောက်လာသည်။

မျက်လုံးတွေက ကြောက်လန့်တကြားနဲ့ နီခီ့ကို မဝံ့မရဲ ကြည့်နေကာ လက်ထဲမှာတော့ ဖုန်ပေနေတဲ့ နီခီ့ရဲ့ သားရေရှူးဖိနပ်တစ်ရံကို ကိုင်ထားသည်။

"သခင်လေး... ဟို... ဒါက..."

သူမအသံက တုန်ယင်နေပြီး စကားလုံးတွေကလည်း ထစ်ငေါ့နေသည်။ နီခီက မျက်မှောင်ကြုတ်ပြီး သူမကို စိုက်ကြည့်လိုက်သည်။

"ဘာလဲ?"

သူ့ရဲ့ အသံက အေးစက်ပြီး မာထန်နေသည်။

သူမကြောက်အားလန့်အားနဲ့ စကားဆက်ပြောဖို့ ဝန်လေးနေသည်။

"ဒါက... မနေ့ညက သခင်လေး စီးခဲ့တဲ့ ဖိနပ်ပါ... ကျွန်မ... ကျွန်မ အခုမှ တွေ့လို့..."

Taming the Tempest⚡︎Stories to obsess over. Discover now