Someone 1(ဟိုးရှေးရှေးတုန်းက)

232 10 0
                                        


*ဟီး ဟီး...*

တိတ်ဆိတ်လွန်းလှတဲ့အခန်းငယ်အတွင်းထဲက ကလေးငယ်နှစ်ယောက်ရဲ့ရီမောသံကလှိုင်လို့နေတယ် ဒါကိုကြည့်နေတဲ့မိန်းခလေးငယ်တစ်ဦးရဲ့ရင်ထဲထဲဝယ်သာယာမှုအစုံနဲ့ပေါ့

နဂါးရုပ်ကလေးတွေနဲ့ ပျော်နေကြတဲ့ကလေးနှစ်ယောက်ကတော့ သူတို့အတွက်နားချိန်က ပြီးပြည့်စုံနေခဲ့တယ်

မှန်တံခါးရဲ့အပြင်ဘက်မှာလည်းနှင်းတွေကျနေခဲ့တယ်

*ဒါပထမဆုံးကျတဲ့နှင်းဘဲ * လို့တွေးရင် ကလေးတွေဘက်ပြန်လှည့်ကာ

*Pinky  , Leo ဟိုမှာကြည့်လိုက် နှင်းတွေကျနေပြီး*

*ဝါးးးး ‌မာမီ ဒါကအရမ်းလှတာဘဲ နော် *

*မာမီ သားတို့နှင်းဆော့လို့ရလား *

*ဒီညတော့မရတော့ဘူးကွယ် မာမီတို့အိပ်ကြရအောင် မနက်ဖြန်ကျရင်တော့ နှင်းအများကြီးရှိလောက်တယ် အဲ့ကျမှဆော့ကြမယ်နော် Leo*

*ဟုတ်ကဲ့မာမီ*

*မာမီ pinkyကို ပုံပြင်ပြောပြ*

*ဘာပုံပြင်လဲ*

*သား နဂါးပုံပြင်နားထောင်ချင်တယ် *

*Pinkyကောဘဲ နဂါး နဂါး*

*ဟုတ်ပါပြီးကွယ် ဒါဆိုမာမီပြောပြမယ် အိပ်ယာအရင်ခင်းကြစို့*

*ရေးးးးးး*

အိပ်ယာတွေခင်းပြီးနောက် နေရာကိုယ်စီယူကာ အမေနားကပ်နေကြတဲ့ကလေးတွေ သူတို့က သူတို့အမေနဲ့သိပ်တူတာဘဲ

"ဟိုးးရှေးရှေးတုန်းက ကမ္ဘာကြီးကို နဂါးတွေကအုပ်စိုကြတယ်

နဂါးတွေမှာက ပုံစုံအမျိုးမျိုးရှိကြတယ် ရှည်ရှည်မျောမျောအကောင်တွေ ခန္ဓာကြီးကြီးအကောင်တွေ ခေါင်းအများကြီးနဲ့အကောင်တွေ အစုံဘဲပေါ့

သူတို့မှာက နဂါးကိုအရောင်တွေနဲ့အဆင့်သတ်မှတ်ထားကြတယ် အနိမ့်ဆုံးကအဖြူဖြစ်ပြီး အမြင့်ဆုံးကပလတ်တီနမ်တဲ့ "

*မာမီ အရောင်ဘယ်နှစ်ရောင်ရှိလဲ *

*ပုံပြင်ကိုဖြတ်ပြီးမေးရင်ဘယ်လို‌နားထောင်လို့ကောင်းမှာလဲ Leo *

Someone Where stories live. Discover now