"ကြည့်စမ်း သိပ်လန်းတဲ့ ကဒ်တွေ"
အက်ခီသန့် ခပ်စူးစူးအသံနှင့်သူကြည့်နေရာဖန်ဘောင်သို့အားလုံးလှည့်ကြည့်ကြသည်။ယင်းဖန်ဘောင်ထဲတွင် ဒိတ်အောက်နေဟန်ရှိသောပန်းအိုးများ နှင့် အစီအရီခင်းထားသော ကဒ်ပြားများ ကဒ်များပေါ်တွင် အမွှေးထူထူသတ္တဝါများ ချိုနှင့်သတ္တဝါများပုံကိုရိုက်နှိပ်ထားသည်။
"ဝင်ကြည့်ရအောင် အနည်းဆုံးတော့ငါတို့ပိတ်ရက်မှာ ပျော်စရာတစ်ခုရမယ်"
