Act II - ချစ်ခြင်းမေတ္တာ

173 28 1
                                        

"အိုး၊ ကျောက်လေးတွေက လှတာပဲ။ ဘယ်ကဝယ်လာတာလဲ။"

ကွန်ပျူတာမျက်နှာပြင်ပေါ်က ပုံသဏ္ဌာန်တွေကို အာရုံစိုက်ဖို့ ကြိုးစားနေတုန်းမှာ ကျွန်တော့် စားပွဲခုံဘေးက ဖြတ်သွားတဲ့ လုပ်ဖော်ကိုင်ဖက် အမက ပြောလာခဲ့တယ်။

"အာ၊ ဒီဟာလား။"

ကိုယ့်လက်ကောက်ဝတ်ကိုယ်ပြန်ကြည့်မိတော့ မနေ့က အဖြစ်အပျက်က ခေါင်းထဲဝင်လာခဲ့ပါသေးတယ်။ သိပ်ပြီး အထူးတလည်မှတ်မိစရာလို့လည်းမဟုတ်ပေမဲ့ ကျွန်တော်က အဲ့ဒီ Crystal ဆိုင်လေးနဲ့ပက်သက်ပြီး ထူးထူးခြားခြား ခံစားနေရတယ်။

"မနေ့က အိမ်ပြန်တော့ လမ်းမှာဆိုင်တစ်ဆိုင်တွေ့တာနဲ့လေ။ လှတယ်ထင်လို့ဝယ်ခဲ့တာ။"

"အာ၊ အဲ့လို။ လက်ပတ်လေးက တကယ်လှတယ်။ တစ်ခုတောင် ဝယ်ချင်သွားပြီ။ ဒါလေးက ဘာကျောက်လို့ခေါ်တာလဲ။ "

"သလင်းဝါလေ။ ပျော်ရွှင်မှုကို ကိုယ်စားပြုတယ်တဲ့။"

ကျွန်တော်က ဂုဏ်ယူနေတဲ့လေသံမျိုးနဲ့ဖြေလိုက်မိတယ်။ လုပ်ဖော်ကိုင်ဖက်အမကတော့ သဘောကျပုံပါပဲ။

"သလင်းဝါလား။ တကယ်ချစ်စရာလေး။ အမလည်း ကျောက်တစ်ခုခုဆောင်ရင်ကောင်းမလားနော်။ အချစ်ရေးလေး ဘာလေးအဆင်ပြေအောင်။"

အမက သူ့လက်ထဲကဖိုင်တွေကို ဖက်ပိုက်ထားရင်း စိတ်ကူးယဉ်နေသလိုမျိုးဟန်နဲ့ ရေရွတ်တယ်။ သူကအတွေးပေါက်သွားတဲ့ပုံနဲ့

"နှင်းဆီသလင်းက အချစ်ရေးအတွက် ကောင်းတယ်လို့ ပြောကြတယ်လေ။ တစ်ခုလောက် ဆောင်လိုက်ရတော့မလား။ ရည်းစားလေးဘာလေးရအောင်လေ ဟီးဟီး။"

အမကပြုံးရွှင်နေခဲ့ပါတယ်။ ကျွန်တော်က ကောင်လေးရဲ့စကားကို ပြန်သတိရမိတယ်။

အကိုရှာဖွေတာက ပျော်ရွှင်မှုဆိုရင် ဒီလက်ပတ်လေးက အကို့အတွက်ပါပဲ။

"အမကြိုက်တယ်ဆိုရင် ဆောင်ကြည့်ပေါ့။"

"အေးနော်။ ဆိုင်တွေရှာကြည့်ဦးမယ်။"

အမက ဆုံးဖြတ်ချက်ချလိုက်ပုံရရင်း သူ့ခုံသူဆက်လျှောက်သွားခဲ့တယ်။

Daisy In My Pocket | YeonGyu| 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙✓Where stories live. Discover now