Chapter- 10

4.8K 328 27
                                    

unicode

ကြာလေအေးစက်လာလေ သူ့ရဲ့အပြုအမူအချို့ကြောင့် ကျွန်တော်ရှင်ရက်သေနေရသူလိုဘဲ..သူမသိအောင် ဖုံးကွယ်ထားရတဲ့ ကျွန်တော်ရဲ့နာကြင်မှုကျွန်တော်ရဲ့အိပ်မက်ဆိုးအချို့"ငါမင်းကိုငါနဲ့လာမအိပ်ဖို့ပြောထားတယ်မဟုတ်လား"ရုတ်တရက်သူ့အော်သံနဲ့ရင်ဘတ်ကိုတွန်းလိုက်တာကြောင့် ကြမ်းပေါ်ကိုကျသွားတော့မှ လက်ရှိအချိန်ကိုပြန်လည်ရောက်ရှိလာတယ်"ဘာ..ဘာဖြစ်လို့လဲဟင် အရင်လဲအတူတူအိပ်နေကြဘဲလေ...ကျွန်တော်ဘာလုပ်မိလို့လဲဟင်...."ဘာအကြောင်းပြချက်တစ်ခွန်းမှမရပါဘဲ ဧည့်ခန်းထဲကဆိုဖာလေးပေါ်မှာ ကျွန်တော်ခွေခွေလေးဝင်လှဲလိုက်သည်ကျွန်တော့ကိုပျင်းသွားပြီလားဟင်XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXအခန်းတံခါးလေးဟပြီးသူရှိရာကိုလှမ်းကြည့်လိုက်တယ်သူငိုနေသလို Jaejoongငိုနေမိတယ်ဖြစ်နိုင်ရင် ပြေးပြီး သူ့မျက်ရည်တွေကိုသုတ်ပေးရင်း သူ့ကိုရင်ခွင်ထဲထည့်ပြီးနေချင်တယ်သူမငိုဖို့ပြောရင်းချော့မယ်သူ့မျက်ခွံလေးကိုနမ်းပြီး ဆံပင်ညိုညိုလေးတွေကိုသပ်ပေးမယ်ပြီးရင် သူ့ကိုဖက်ပြီးအိပ်ကြမယ်ဟင့်အင်း.....စိတ်တင်းထားရမယ် အရုပ်ကလေးရယ် စိတ်တင်းထားရမယ်ငါ့ကိုမြန်မြန်မုန်းပေးပါင့ါကိုစိတ်ကုန်ပြီး ငါ့အနားကထွက်သွားပေးပါငါပါးစပ်နဲ့နှှုင်မထုတ်ရက်လို့ကျေးဇူးပြုပြီး မင်းကမုန်းပြီးထွက်သွားပေးပါကွယ်XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX"ဒီည တနေရာမှာသွားအိပ်""ဟင်...ဘာလို့လဲ...""ငါသွားအိပ်ဆို သွားအိပ်ပေ့ါ ဘာလို့စကားရှည်နေတာလဲ ""ဟုတ်..ဟုတ်ကဲ့ပါ.."တံခါးဖွင့်သံကြောင့်ကြည့်လိုက်တော့ဟင်...Jung Yunho"Yunnie.."မမြင်နိုင်တော့လို့ ခေါင်းတဖက်လွှဲလိုက်သည်။ ေ၀၀ဲလာတဲ့မျက်ရည်တွေကို ကြိုးစားဖယ်ရှားရင်း သူပြောသလို အပြင်ထွက်နေဖို့ကြိုးစားရမှာပေ့ါ.ခင်ဗျားပျော်တယ်မို့လားဟင်...တရွေ့ရွေ့ထွက်သွားတဲ့ကျောပြင်ကို ကြည့်နေတဲ့မျက်ဝန်းနှစ်စုံမှာလဲ အဓိပါ္ပယ်ကိုယ်စီနဲ့ပါ....အရုပ်ကလေး...............XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXကားဂိတ်ရှိခုံတန်းလေးပေါ်မှာ သူထိုင်နေခဲ့တာ ဘယ်လောက်ကြာသွားမှန်းမသိ...အေးစက်တဲ့လေတွေကသာသူ့ပတ်ဝန်းကျင်မှာရှိနေသလိုဘဲအေးစက်တဲ့အပြုံး စကား အရာအားလုံးသူသိသမျှက အေးစက် အေးခဲနေခဲ့တယ်မဟုတ်ပါလား"အအေးခံပြီးသေဖို့ဆုံးဖြတ်ထားတာလား"အသံမာမာတခုကြောင့် ခေါင်းမော့ကြည့်လိုက်မိသည်ဘာလာလုပ်တာလဲကျွန်တော် ကြေမွနေတာကို ထပ်ခြေဖျက်ဖို့လား"ထ"သူဆွဲခေါ်တဲ့တစ်ချက်မှာ ကျွန်တော် သူ့လက်ထဲပါသွားလေရဲ့"လွှတ်""ငါကောင်းကောင်းခေါ်နေတာနော် လာခဲ့"ရုန်းရင်းကန်ရင်း သူ့လက်ထဲပါသွားခဲ့လေရဲ့ကားနောက်ခန်းထဲပစ်ထည့်ခံလိုက်ရပြီး...အပေါ်စီးကနေအုပ်မိုးထားတဲ့သူဘာလုပ်မယ်ဆိုတာလေးခါလောက်သူနဲ့အတူဆက်ဆံခဲ့ရတဲ့ကျွန်တော်သိနေပြီလေဖြစ်ချင်ရာဖြစ်တော့ဆိုပြီး ထုံးစံအတိုင်းကျွန်တော်မျက်လုံးတွေမှိတ်ထားမိသည်ဟင်ကျွန်တော့အေးလွန်းလို့ အေးခဲနေတဲ့နှုတ်ခမ်း အစုံကိုနွေးထွေးစေလာတယ်အေးစက်နေတဲ့ပါးပြင်ကို သူ့လက်ဖဝါးနွေးနွေးနဲ့ပွတ်သပ်ပေးနေရင်း နွေးထွေးစေတယ်အေးစက်မှုတွေသာကြုံရတဲ့ကျွန်တော့နှလုံးသားဟာသူ့ရဲ့နွေးထွေးမှုနဲ့ခင်ဗျားဘာကြောင့်.........ကျေးဇူးပြုပြီး ကျွန်တော့ကိုမကစားကြပါနဲ့တော့XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX"ကျွန်တော်ပြန်တော့မယ်""ဘယ်ကိုလဲ ဘာလဲ မင်း မနာကြင်တတ်တာလား မင်းဒီရင်ဘတ်ကသေနေတာလား မင်းဦးနှောက်ကအလုပ်မလုပ်တာလား"သူ့အမေးသူ့စကားလုံးတိုင်းမှာ ကျွန်တော် ဆွံ့အနေမိတယ်တကယ်ဘဲ ကျွန်တော်ဘာမှမခံစားတတ်တော့တာလားဟင့်အင်း သေလောက်အောင်နာကြင်နေရပါတယ်ကိုယ့်ကိုကိုယ် အသက်ရှင်နေပါလားဆိုတာတောင်မသိတော့လောက်အောင်...နှုတ်ခမ်းအစုံနွေးထွေးသွားမှုကြောင့် သူ့ကိုကြည့်လိုက်မိသည်"ငါမင်းမျက်ရည်တွေကိုမတွေ့ချင်တော့ဘူး"XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXနာကြင်မှုတွေနဲ့သူ့မျက်ဝန်းကို ကျွန်တော်ဆက်ကြည့်ဖို့သိပ်ခက်ခဲလွန်းနေတာဘာကြောင့်လဲJung Yunhoရဲ့သမိုင်းကြောင်းပျက်အောင် လုပ်နိုင်တဲ့မင်းကငါ ကစားမယ်လို့သတ်မှတ်ခဲ့တဲ့အရုပ်ကလေးတစ်ရုပ်ဖြစ်နေတာငါအစတည်းက ငါ့နှလုံးသားငါမရိပ်မိခဲ့တာလားမင်းကဘဲ...အရမ်းကို ဖြူစင်ပြီး ငါ့ကိုဆွဲဆောင်နိုင်လွန်းတာလား.........သူ့ကိုယ်လေးကို တင်းကြပ်စွာပွေ့ဖက်ထားရင်း......ကားမှန်ပြတင်းကနေထိုးဖောက်ဝင်လာတဲ့နေရောင်နွေးနွေးလေး သူ့မျက်နှာပေါ်မကျအောင် လက်ဖဝါးနဲ့ကာပေးလိုက်မိတယ်XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXအိမ်ထဲဝင်ဝင်ချင်း ကြမ်းပေါ်ကအထုပ်အပိုးတွေကြောင့်..အဓိပ္ပါယ်ကိုနားလည်လိုက်သည်။။ဟင့်အင်း ကျွန်တော့ကိုနှင်မထုတ်ပါနဲ့ကျွန်တော်ဘယ်လောက်နာကြင်နာကြင် မသိချင်ယောင်ဆောင့်ပါ့မယ်ငြိမ်ငြိမ်လေးနေပါ့မယ်"မင်းထွက်သွားတော့... ငါမင်းကိုမလိုအပ်တော့ဘူး ငါပျင်းသွားပြီ""ကျွန်တော့ကိုနှှုင်မထုတ်ပါနဲ့ ကျွန်တော့မှာသွားစရာမရှိဘူး ခင်ဗျားကိုမခွဲနိုင်ဘူး ခင်ဗျားမရှိရင်သေလိမ့်မယ်""အပိုတွေပြောမနေနဲ့ ငါမင်းကိုမလိုချင်တော့ဘူး"ကျေးဇူးပြုပြီး သွားပါတော့ အရုပ်ကလေးရယ် ဒီတခါနာကြင်ပြီးရင် မင်းအေးချမ်းသွားမှာပါ"ကောင်းပြီလေ......ကျွန်တော်ပြောဖူးပါတယ် ခင်ဗျားမရှိရင် အသက်မရှင်နိုင်ဘူးလို့... မလိုအပ်တော့ဘူးဆိုတော့လဲ...အရုပ်ကလေးကအစွန့်ပစ်ခံရမှာပေ့ါ...."ပြေးထွက်လာခဲ့မိတယ်သူမရှိရင် အသက်မရှင်နိုင်ဘူး..သူမရှိရင် သေရလိမ့်မယ်ကားလမ်းမပေါ်တစ်နေရာရောက်လာချိန်တော့ ဘေးဘီကြည့်လိုက်မိသည်။ သူသိပ်ကြိုက်တဲ့ပန်းခြံလေးနား ပန်းခြံလေးမှာခနထိုင်ပြီးပြန်ရင် ဝင်နေကြကော်ဖီဆိုင်လေးသူဒီနားရောက်တိုင်း ကျွန်တော့ကိုသတိရပါစေ...သူကျွန်တော့ကိုလွမ်းပါစေ...ကားလမ်းလည်ခေါင်ခြေလှမ်းဖို့အပြင်"Minnie"ခင်ဗျားဘာလုာလုပ်ပြန်ပြီလဲ ပေါ်မလာပါနဲ့တော့ ခင်ဗျားတို့နှစ်ယောက်လုံးနဲ့ဝေးရာငရဲ ကောင်းကင်တစ်နေရာရာလွင့်ပါရစေ"အ..အရုပ်ကလေး...ငါတောင်းပန်ပါတယ် အဲ့လိုမလုပ်ပါနဲ့..."အော်...နှစ်ယောက်အတူတဲ့လား ခင်ဗျားတို့အတူနေနိုင်ပါပြီ ကျွန်တော့ကိုအပြင်လဲနှင်စရာမလိုတော့ဘူး"မလာကြနဲ့....တစ်ယောက်မှ..... ခင်ဗျားအရုပ်ကလေးက တစစီဖြစ်နေပြီ တစစီဖြစ်သွားပြီ.... "မျက်ရည်တွေနဲ့အမြင်မှုန်ဝါးဝါးနဲ့ ကုန်ကားတစ်စီးအလာမှာ...ဒါကျွန်တော့အတွက် ထွက်ပေါက်တခုပါ...ပြေးလာသံ အော်သံတော့ကြားလိုက်ရတယ်ခပ်ပြင်းပြင်းတိုက်သံတခုကြားရပေမယ့် ကျွန်တော်နာကြင်မှုမဖြစ်သွား......... လက်နှစ်ဖက်ကို ကျွန်တော့တစ်ကိုယ်လုံးကို သိပ်သည်းစွာဖက်ထားတယ်ဒါ..ဒါဆို........အား................မဟုတ်ဘူး မဖြစ်ရဘူး.......ဟင့်အင်း......သွေး သွေးတွေ..အား..........ကြောက်တယ် ...မုန်းတယ် ....အားလုံးကို ကြောက်တယ်......မုန်းတယ် မလာနဲ့ မလာကြပါနဲ့............."ချစ်တယ်. အရမ်းချစ်တယ်....... "သွေးစက်လက် လက်တစ်ဖက်နဲ့ နောက်ဆုံးအကြိမ် သူ့မျက်နှာလေးကိုထိတွေ့ခွင့်ရဖို့ကြိုးစားကြည့်ရင်း................ဟေးဟေးသိတော့ဘူး ဟေးးးးးပျော်ထှာ

ဒုတိယလူWhere stories live. Discover now