Shift_Delete (Intro)

461 30 16
                                        

Shift Delete

Infinity ...

လျို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုရဲ့ ဂိုဏ်းခေါင်း‌ဆောင်တွေဖြစ်ကြတဲ့

Ryan Cheng ...
Neo Hou ...
Yan An ...
Xia Zhiguang ...

သူတို့လေးဦးက ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးလောကမှာ ပြိုင်စံရှားနာမည်ကြီးကြသူများ ဖြစ်ကြတယ်။

တကယ်တမ်း နောက်ကွယ်မှာတော့ ရတနာသိုက်တူး‌ဖော် ရှာ‌ဖွေးရေးအဖွဲ့အစည်းကြီးတစ်ခုကို လျို့ဝှက်ဖွဲ့စည်းပြီး လျို့ဝှက်တဲ့ တာဝန်များကို လုပ်ဆောင်နေကြတာပဲဖြစ်တယ်။

တစ်ချိန်က ငယ်ရွယ်တဲ့ အသက်နှစ်ဆယ်အရွယ် သူတို့လေးယောက်က .... တိတိကျကျပြောရရင် သူတို့ငါးယောက်အဖွဲ့က ... ရှေးဟောင်းသု‌တေသနပြုလုပ်ရင်း ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေနဲ့ အချက်အလက်တွေကို စုဆောင်းခဲ့ကြတယ်။

အဲ့ဒီလူငါးယောက်ပါတဲ့အဖွဲ့ကို Infinity လို့နာမည်ပေးထားပြီး အဖွဲ့ဝင်တွေကတော့

Ryan Cheng ....
Neo Hou ....
Yan An ....
Xia Zhiguang ....
နဲ့
Tian Yuan တို့ပဲဖြစ်တယ်။

တစ်ကြိမ်မှာတော့ အရမ်းနက်နဲတဲ့ လျို့ဝှက်ဆန်းကြယ် ဂမ္ဘီရအတက်တွေနဲ့ ပြည့်နှက်နေတဲ့ ရှေးဟောင်းနယ်မြေသစ်ကြီးတစ်ခုကို စူးစမ်းဖို့ သူတို့ငါးယောက်အဖွဲ့က ခြေဆန့်ခဲ့ကြတယ်။

အဲ့ဒီအချိန်က ငယ်ရွယ်တဲ့ လူငယ်လေးတွေဖြစ်ကြတဲ့အလျှောက် စိတ်အားထက်သန်ပြီး အလွန်တက်ကြွခဲ့ကြတယ်။

သို့သော် ကြမ်းတမ်းတဲ့ နယ်မြေကြီးက သူတို့အားလုံးကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်။

သွားရောက်ခဲ့စဉ်က ငါးယောက်ဆိုပေမယ့် ပြန်လာတဲ့အချိန်မှာတော့ လေးယောက်သာရှိနေခဲ့ပြီး တစ်ယောက်ကတော့ ကံဆိုးစွာနဲ့ပဲ အသက်ဆုံးရှုံးသွားခဲ့ရရှာတယ်။

အဲ့ဒီလူက ...

Tian Yuan ...

~~~~~~~~~~~

ကွယ်လွန်သူဖခင်၏ ဓါတ်ပုံရှေ့တွင်ဒူးထောက်နေတဲ့ Tian Jia Rui.

အံကိုတင်းတင်းကြိတ်လို့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ Tian Jia Rui ဆိုသူမှာ အသက် ဆယ့်ကိုးနှစ်သာရှိသေးသည့် ကောင်းလေးတစ်ယောက်သာဖြစ်သည်။

Shift Delete Where stories live. Discover now