Halfway suffering

103 7 0
                                        

ဒီနေ့တိမ်တွေကအရမ်းကြည့်ကောင်းပြီးသာယာနေတယ်

မြင်ကွင်းထဲဝင်လာတဲ့အပြာရောင်လေး​ကဂီတာလေးတစ်လုံးကိုဘေးမှာချလို့ တံတားကြီးပေါ်မှာထိုင်နေတာအထီးကျန်နေသလိုပဲ

အပြာရောင်လေးရဲ့ဘေးကမနီးမဝေးလေးမှာဝင်ထိုင်လို့ လှမ်းကြည့်မိတယ်

' ဝမ်းနည်းနေတာထင်တယ် '

" ကော~ ​ဝမ်းနည်းနေတာလား "

အပြာရောင်လေးက ပင်လယ်ကြီးကိုပဲကြည့်နေခဲ့တယ်

" ........... "

' အရမ်းလှတဲ့မျက်ဝန်းလေးတွေက ဘာလို့ဝမ်းနည်းနေတာလဲ '

" ဝမ်းမနည်းပါနဲ့ "

" ............. "

' ကျွန်တော်ပါဝမ်းနည်းလာတယ် '

" ကော~ ကျွန်တော့်ကိုသီချင်းဆိုပြပါလား "

' ကောဝမ်းနည်းနေတာတွေကိုသီချင်းလေးနဲ့သာကုစားလို့ရခဲ့ရင်.. '

" ............ "

ဂီတာလေးကိုထိကိုင်ရင်းဝမ်းနည်းနေတဲ့အပြာရောင်လေး...

' သီချင်းကဒါဏ်ရာဖြစ်သွားခဲ့တယ်ထင်ပါရဲ့ မှားသွားပြီပဲ '

" ကော~ ဝမ်းနည်းနေမှန်းသိပေမယ့် အဆင်ပြေသွားမှာပါ
လောကကြီးကလှတယ် ဝမ်းနည်းနေမယ့်အချိန်တွေအစားလှပတဲ့နေရာလေးတွေကို ကြည့်ရင်းကုန်ဆုံးသင့်တယ်.... "

' အချိန်ကတန်ဖိုးကြီးတယ် ကောရယ်~  '

" ........... "

' ငိုတော့မယ့် မျက်လုံးလှလှလေးတွေနဲ့.....
ကောရယ် မငိုလိုက်ပါနဲ့ကျွန်တော်မမြင်ချင်လို့ရှောင်နေလိုက်မယ် '

အပြာရောင်လေးရဲ့ဆန့်ကျင်ဘက်ကိုမျက်နှာမူလို့ထိုင်လိုက်တယ်

" ကျွန်တော်တို့ကံမကုန်ရင်ပြန်ဆုံကြလိမ့်မယ် "

" ........... "

You've reached the end of published parts.

⏰ Last updated: Aug 26, 2025 ⏰

Add this story to your Library to get notified about new parts!

Halfway Suffering Stories to obsess over. Discover now