သိပ်နာကျဥ်ရတဲ့
ချစ်ခြင်းနဲ့
မုန်းခြင်းရဲ့ အလွန်မှာ..
ဘာတွေများ ရှိနေနိုင်ပါသလဲ..
🌠🌠🌠
အလုပ်သွားဖို့ရာ အသင့်ပြင်ပြီးချိန်တွင် မှန်ထဲက ပုံရိပ်ကို တစ်ချက်လှမ်းကြည့်မိသည်။
မျက်ကွင်း အနည်းငယ် ညိုချင်နေပေမဲ့လည်း ဂရုမစိုက်အားပါ။ ခါးမရောက်တစ်ရောက် ဆံနွယ်ရှည်တွေကိုသာ ခပ်မြန်မြန်ဖီးသင်လိုက်ပြီး အခန်းပြင်ထွက်လာမိသည်။
ခပ်နွေးနွေးနေရောင်ခြည်အောက်မှာ နေပူဆာလှုံနေတဲ့ အဖေ့ကို ငေးကြည့်နေမိသည်။ နှလုံးရောဂါအခံရှိတဲ့ အဖေဟာ တနေ့ထက်တနေ့ ပိုပိန်လာသလို ခံစားရပါတယ်။
ဝဲတက်လာတဲ့ မျက်ရည်စတစ်ချို့ကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြုံးလိုက်ကာ အဖေ့နားသွားမိသည်။
ဂါအူးလ် - " အဖေ...မနက်စာစားပြီးရဲ့လား.."
အဖေကလည်း ဂါအူးလ်နည်းတူ ပြုံးပြလာကာ
အဖေ - " စားပြီးပါပြီ သမီး....အလုပ်သွားတော့မလို့လား.."
ဂါအူးလ် - " ဟုတ်တယ် အဖေ...ဒီနေ့ စောစော လာခိုင်းထားလို့လေ...ဂရုစိုက်နော်..သမီးသွားတော့မယ်.."
ခေါင်းငြိမ့်ပြရင်း ကျန်ခဲ့တဲ့ အဖေကို ခြံပေါက်ရောက်မှ ပြောစရာတစ်ခုသတိရလာသည်။
ဂါအူးလ် - " အော်...အဖေ ဆေးသောက်ဖို့မမေ့နဲ့အုံးနော်..."
Mr. Kim- " အေးအေး...အဖေသောက်လိုက်မယ်..."
အဖေ့ရဲ့ ပြန်ဖြေသံကို ကြားပြီးတာနဲ့ လက်ပတ်နာရီကို တစ်ချက်ကြည့်မိသည်။
သွားပြီ...နောက်ကျတော့မယ်..
ဂါအူးလ် မနှေးမမြန်မနေအထားနဲ့ ကားမှတ်တိုင်ကို ဦးတည်ပြေးနေမိသည်။
ပြေးနေရင်းနဲ့ ပုခုံးပေါ်က လျောကျလာတဲ့ လွယ်အိတ်ကို ပုခုံးပေါ်ပြန်တင်ရင်း လက်ပတ်နာရီကို ထပ်ကြည့်မိပြန်သည်။
* ဘုန်း *
ဂါအူးလ် တစ်စုံတစ်ယောက်ကို ဝင်တိုက်မိသွားကာ
ESTÁS LEYENDO
You love to hate me ( 3rd ive OT6 Fanfic)
Fanfictionတစ်စုံတစ်ရာကို ချည်နှောင်ဖို့ ကြိုးဆိုတာကို အသုံးပြုရရင်... အချစ်ကို ချည်နှောင်ဖို့..သံကြိုးတွေကို အသုံးပြုသင့်လား..
