ကောရဲ့လမင်းလေး

184 10 7
                                        


ပြတင်းပေါက်ကနေဖြာကျနေတဲ့ နေရောင်ခြည်အောက်မှာတော့ ထျန်ကျားရွှေ့ဆိုတဲ့ကောင်လေးတစ်ယောက် လင်းဇီယဲ့ဆိုတဲ့ကောင်လေးကို ရင်ခွင်ထဲထည့်လို့ အိပ်ပျော်နေခဲ့တယ်....

ထျန်ကျားရွှေ့ရင်ခွင်ထဲကကောင်လေးကတော့ နိုးနေပြီး
ရင်ခွင်ပိုင်ရှင်ရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းကို
ညင်ညင်သာလေး ထိကိုင်ကြည့်​​နေတယ်....

မှိတ်ထားတဲ့မျက်လုံးလေးတွေ...
နှာတံ ချွန်ချွန်လေး...
မပြည့်မဖောင်းတဲ့ ပါးလေးတွေ...
အမြဲတမ်း ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းလေး...

အိပ်ပျော်နေသူမှာ အထိအတွေ့ကြောင့်လှုပ်လီလှုပ်လဲနဲ့ နိုးလာခဲ့တယ်

" ဟင်~ ဇီယဲ့နိုးနေတာလား "

မျက်လုံးဖွင့်တာနဲ့ ချစ်ရသူကိုရှာကြည့်တတ်တဲ့အကျင့်လေး...

ခေါင်းလေးအသာအယာ​ညိမ့်လို့ အဖြေပြန်ပေးတယ်

" ဒီနေ့လည်း အိပ်မပျော်ဘူးလား "

" အင်း ဘာမှမဖြစ်ပါဘူး "

ဘာမှမဖြစ်ကြောင်းပြောနေသူမှာတော့ မျက်လုံးလေးတွေချောင်ကျလို့နေခဲ့ပြီ

ကိုယ်ချစ်တဲ့သူအဆင်မပြေရင် ချစ်နေရသူမှာလည်းစိတ်မချနိုင်ခဲ့ဘူး

အရင်လိုမပြည့်တော့တဲ့ပါးလေးကိုအုပ်ကိုင်လိုက်ရင်း
ဆွေးဆွေးမြေ့မြေ့လေး စကားဆိုလိုက်တယ်....

" မျက်နှာလေးတောင်ချောင်ကျသွားပြီ "

လက်ပေါ်ကိုမှီချလို့ ချွဲလာတဲ့ဇီယဲ့ကြောင့် ကျားရွှေ့ပြုံးမိပါသေးတယ်

' ကောင်လေးဒီနေ့ ချွဲနေတာပဲ '

" ကော~ "

" ဟင်~ "

" ကျွန်တော့်မှာပြောစရာရှိတယ် "

" အင်း "

" ကျွန်တော် ကောကိုထားသွားမယ့်တစ်နေ့အကြောင်းတွေးဖူးလား "

ထားသွားမယ့်စကားကြောင့် ထျန်ကျားရွှေ့ စိုးရိပ်တကြီးထလို့ မျက်နှာချင်းဆိုင်ထိုင်စေရင်း....

" ဇီယဲ့ ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား
ကောက အမှားတစ်ခုခုလုပ်ထားမိလို့လား "

You've reached the end of published parts.

⏰ Last updated: Sep 08, 2025 ⏰

Add this story to your Library to get notified about new parts!

ကောရဲ့လမင်းလေး ( Oneshort )Stories to obsess over. Discover now