သွန်းအခန်းထဲသို့သာ ၀င်လာရသော်လည်း အိပ်၍မပျော်ပါ။အိပ်ယာအပြောင်းအလဲကြောင့်လည်းဖြစ်လိမ့်မည်။ မနက်လင်းခါနီးလေးတစ်ချက်ကျမှ မှေးခနဲအိပ်ပျော်သွားသည်။ သွန်းအခန်းတံခါးကို လာခေါက်သောအသံတစ်သံကြောင့်သွန်းနိုးလာလေသည်။
"ဒေါက် ဒေါက် သခင်လေး နိုးပြီဆိုရင် သခင်မက မနက်စာစားဖို့စောင့်နေပါတယ် "
"အိုးမိုင်ဗုဒ္ဓ ငါဇာတ်ထဲရောက်သွားတာလားဟ"
အတွေးထဲမှာတွေးမိပေမဲ့ ပါးစပ်က ဟုတ်ကဲ့ဟုသာ ပြန်ဖြေမိလေသည်။
"ဟုတ်ကဲ့ လာမယ်နော် "
ထိုသို့ဖြေပြီးသည်နှင့်ဘေးမှာအသင့်တွေ့ရသော ရေခွက်နှင့် ဆားကိုယူကာ မျက်နှာ အမြန်သစ်ရသည်။ အောက်ကိုဆင်းလာတော့ ဒေါ်ထိပ်ထားဟာ ပြုံးတယ်ဆိုရုံမျှပြုံးပြပြီး စကားစလေသည်။
"အမောင် ညက ကောင်းကောင်းအိပ်ပျော်ရဲ့လားကွယ်"
"ဟုတ်ကဲ့ အိပ်ပျော်ပါတယ် ဒေါ်ဒေါ်ထိပ်ထား"
"မင်းက တို့များကိုဘယ်လိုခေါ်လိုက်တယ်"
"ဒေါ်ဒေါ်ထိပ်ထားလို့ခေါ်လိုက်တာပါ ၊အစ်မလို့ခေါ်ရင် မလေးမစားလုပ်ရာကျမှာကြောက်လို့ပါ"
"ဟားဟား"ဒေါ်ထိပ်ထားနှစ်ခြိုက်စွာရယ်ရင်း..
"တို့အသက်ဘယ်လောက်ထင်လို့လဲ အမောင်ရဲ့"
"ဒေါ်ဒေါ့်အသက်က လွန်ရောကျွံရော ၃၅ပေါ့ ထပ်ကြီး တစ်နှစ် နှစ်နှစ်ပေါ့ ဟုတ်ဘူးလား"
ဒေါ်ထိပ်ထား သဘောကျဟန်ဖြင့်...
"အမောင်က အဲ့လောက်ဆိုတော့လည်း အဲ့လောက်လို့ပဲမှတ်ထားပေါ့ကွယ်"
"စိတ်မဆိုးပါနဲ့ ဒေါ် ဒေါ်ရယ် ၃၀လားဟင် သွန်းစကားပြောမှားသွားလို့ ၃၀လောက်ကိုနုတာပါ "
"အမောင်ရယ် မင်းဟာလေ သိပ်ကို စကားတတ်တာပဲ"
"ဒါနဲ့ဒေါ်ဒေါ်ထိပ်ထား သွန်းပြန်တော့မယ်လေ "
"တို့ကတော့ မင်းကိုမပြန်စေချင်ဘူးကွယ် ဒါပေမဲ့
မင်းပြန်ချင်ရင်လဲ ပြန်ပို့ပါ့မယ် ၊ယက္ခရေ အမောင့်ကိုပြန်ပို့ဖို့ပြင်ကွယ်"
YOU ARE READING
အပါးတော်မြဲ
Romanceပိုင်ရဖို့ဆိုင်ရဖို့ထက် အပါးတော်မှာ ခစားပါရစေ အနားတော်မှာ ၀ပ်တွားပါရစေ အပါးတော်မြဲပါရစေ ဒေါ်ထိပ်ထားသခင်နွယ် သွန်းအဂ္ဂနိုင် စောင်းကြိုးများကို သက်သေတည်ပြီး မလိမ်မညာတမ်း ၀န်ခံရရင် အမောင့် ကို ထိပ်ထားသိပ်မေတ္တာရှိတယ် ...
