We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

1st Floor - 1

236 11 10
                                        


Arrive Unknown Place and Meet Unknown People

စိမ်းသက်သည့် ပတ်ဝန်းကျင်တွင် လူစိမ်းများနှင့် စတင်တွေ့ဆုံခြင်း.........။

မင်း ရဲ့ ဉာဏ်ရည်မြင့်မား မှုကို သက်သေပြချင်ပါသလား.............။

မင်းရဲ့ IQ မြင့်မားနေမှုကို....ပတ်ဝန်းကျင်က အရူးလို့ သတ်မှတ်ခြင်းခံနေရပါသလား......။

အရည်အချင်းတွေ ကန့်သတ်ခံလိုက်ရလို့ အသက်ဆက်မရှင်သန်ချင်လောက်အောင်ကို သင့်ကိုသင် စိတ်ပျက်နေမိပြီလား............။

မင်း မှာ ရှိတဲ့ ထက်မြက်တဲ့ ကိုယ်‌ရည်ကိုယ်သွေး တို့ ထုတ်ပြခွင့် ပိတ်ပင်ခံနေရလား............။

ကိုယ့် အရည်အချင်းတွေကို သူများက အသုံးချနေသလား...........။

မင်း ရဲ့ အစွမ်းအစ နဲ့ ထိုက်တန် တဲ့ ကြီးမားတဲ့ တန်ဖိုး တစ်ခုကို ငါတို့ ပေးနိုင်မယ် ဆို ဘာလို့ အခုထိ ငါတို့ နဲ့ လက်တွဲ မကြည့်လဲ...။

ငါတို့ က မင်းအတွက် လက်တစ်ဖက် အမြဲ ကမ်းလင့်နေမယ်............။

တစ်ယောက်တည်း ဒုက္ခတွေကို ခါးစည်းမခံဘဲ နဲ့ ငါတို့ လက်ကို ဆုပ်ကိုင်လိုက်ပါ........... ပြီးတော့.........။

တောင်းဆု တစ်ခု ပြုပါ........................။

လွယ်တယ် မဟုတ်လား................။

Just Take my Hand & Make a Wish ! !

" ဟူးးးးးး"

အဲ့ဒီအချက်တွေကပဲ သူ့ ကို ဒီအေးစက်တဲ့ကြမ်းပြင်ပေါ်မှာ နိုးလာရခြင်း၏ အဓိက တရားခံ ဖြစ်သည်ဟု တွေးရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်...။

သူ လှဲနေရာမှ ဘေးဘီ ကြည့်လိုက်တော့ သူလို ငါလို လဲကျပြီး သတိမေ့နေဆဲ သို့မဟုတ် အိပ်မောကျနေဆဲ လူတွေဟာ ထိုအဆောက်အဦး ၏ ကြမ်းပြင်တွင် သစ်ရွက်တွေ လမ်းမထက်ပြန့်ကျဲနေသလို ပြန့်ကျဲလျှက်..။

သူ အပါအဝင် ထို လူတွေ လုပ်ခဲ့သည်က spam mail တစ်ခုကို ဝင်ကြည့်ပြီး လျှောက်လွှာတင်လိုက် ခြင်းဖြစ်နိုင်သည်...။

" ယို့..... သတိရလာပြီလား ငါ မင်း တော်တော်ကြာကြာထိ အိပ်ပျော်နေဦးမယ်ထင်တာ..."

Make A WishStories to obsess over. Discover now