Someone like Sunshine

535 27 0
                                        

XX တက္ကသိုလ်ရဲ့ ဘောလုံးကွင်းထဲမှာဖြစ်တယ်။ ကွင်းအလယ်လောက်မှာ လေးယောက်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေတဲ့ လူငယ်လေးတွေရှိနေပြီး ကွင်းအပြင်ဘက်မှာတော့ စပ်စုချင်သယောင် ရပ်ကြည့်နေတဲ့ လူအချို့ ရှိနေတယ်။

ညနေခင်း ဆည်းဆာနေရောင်က မျက်နှာပေါ်ကို တိုက်ရိုက်ကျနေပြီး မျက်စိစူး​စေတာကြောင့် Gemini မျက်မှောင်ကြုတ်ထားမိတယ်။ ဒါကို သူ့ရှေ့မှာ လူမိုက်စတိုင်တွေနဲ့ ရပ်နေတဲ့ အုပ်စုက သူတို့ကို စိန်ခေါ်တယ်လို့ အထင်လွဲသွားကြပုံရတယ်။

အမှန်ဆို သူဒီနေ့ အတန်းချိန်ပြီးတာနဲ့ အိမ်ပြန်ပြီး အိပ်မလို့ကြံထားခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ့ရှေ့က အုပ်စုက လမ်းမှာတားလာပြီး ဒီကို ဆွဲခေါ်လာခံခဲ့ရတယ်လေ။ မညာတမ်းပြောရရင်တော့ သူအခု တကယ်ကြီး အိပ်ချင်နေပြီ။

" အဲတော့ ဘာကိစ္စလဲ "

သူစိတ်မရှည်စွာ မေးလိုက်တော့ ထိုလေးယောက်ထဲက ခေါင်းဆောင်ဖြစ်ပုံရတဲ့ ဆံပင်ငွေရောင်နဲ့တစ်ယောက်က ရှူးရှူးရှားရှားနဲ့ ​ရှေ့တိုးလာပြီး သူ့ဘယ်ဘက်ပခုံးကို အားနဲ့ ဆောင့်တွန်းလာတယ်။ 

" Pan ကို ဘာလို့ငြင်းလိုက်တာလဲ "

" ဟမ် "

" Pan ကိုငြင်းရလောက်အောင် မင်းကိုယ်မင်း စောက်ရမ်း မြင့်မြတ်တယ်ထင်နေတာလား "

တစ်ဖက်လူရဲ့ ပြောစကားတွေထဲ သူနားလည်နိုင်တာ တစ်ခုတောင်ရှိမနေတာမို့ သူ့မှာ အူလည်လည်လေး ဖြစ်သွားရတယ်။ သူငြင်းခဲ့တဲ့ လူအရေအတွက်က သူ့အသက်ထက်တောင် ကျော်သေးတယ်လေ။ သူက ဘယ်လိုလုပ်ပြီး အကုန်လုံးကို မှတ်မိနေမှာတဲ့လဲ။

" မင်းပြောတဲ့ Pan ဆိုတာ ဘယ်သူလဲတောင် ငါမသိဘူး၊  အရေးမကြီးရင် သွားတော့မယ် "

အေးအေးဆေးဆေး ပြီးမလားလို့ ထင်ခဲ့ပေမဲ့ သူ့အထင် မှားသွားတယ်။ တစ်ဖက်လူက သူ့လွယ်အိတ်ကနေ ဆောင့်ဆွဲပြီး မေးရိုးပေါ်ကို ထိုးလိုက်တာကြောင့် ကိုက်မိသွားတဲ့ နှုတ်ခမ်းက ကွဲပြီး သွေးထွက်လာတယ်။ အခုတော့ သူ့အိပ်ချင်စိတ်တွေလည်း ပြေသွားရပြီ။

GemFot One shotsWhere stories live. Discover now