"ရွှတ်*"
ကြည်နူးစရာ အတွေးစတွေနဲ့ လည်ပတ်ပြီး ပန်းပင်လေးတွေကို ဂရုစိုက်နေသည်အား ရုတ်တရက် Chanမကြိုက်သော အနံ့အသက်က နှာဝကို ထိပ်တိုက်တိုးလာပြန်သည်...Chanသည် ချက်ချင်းတရားခံကို သိလိုက်သည်ကြောင့် လက်ထဲက ရေဖြန်းဗူးကို ပန်းပင်တွေအနား အသာချထားခဲ့လျက် မလှမ်းမကမ်းအကွေ့လေးက နံရံနားဆီ တိုးကပ်သွားကြည့်လိုက်ရာ ထင်သည့်အတိုင်းပင် ဟိုကောင်လေး...
"ဆေးလိပ်တွေအရမ်းသောက်တယ်နော်...
မင်းမိဘတွေကရော ခွင့်ပြုထားရဲ့လား..."
Chan'အသံကိုကြားတော့ ဆေးလိပ်ဖွာနေတဲ့ကောင်လေးက လှုပ်ရှားမှုတွေ ရုတ်ချည်းရပ်တန့်သွားကာ Chanရှိရာကို လှည့်ကြည့်လာသည်...သို့သော် ခနသာဖြစ်ပြီး ထပ်ထွက်ပြေးဖို့ ပြင်နေပြန်တာကြောင့် ထိုကောင်လေးရှေ့မရောက်ခင်ပင် Chanကအရင် အမိအရ လှမ်းဆွဲတားလိုက်တော့ သူ့နဂိုမူ မျက်ဝန်းထက်ထက်ကလေးတွေကို တမင်ဝိုင်းလို့ ပြန်ကြည့်လာပုံလေးမှာ Chanက မျက်ခုံးကျုံ့သည်...
ထပ်မရတော့ဘူး...
ငါမင်းပုံစံအမှန်ကို သိထားပြီးသွားပြီ Yang Jungwon...!
"ကိုယ့်ကို အရမ်းသဘောမကျတာလား...မင်းနဲ့Yangကြားမှာ ဘာတွေဖြစ်ထားကြလဲမသိပေမဲ့ ကိုယ်ကတော့ မင်းနဲ့ဘာရန်ငြှိုးရန်စမှ မရှိဘူးထင်တာပဲ...ဒီလိုကြောက်ချင်ယောင်ဆောင်ပြီး ထွက်ပြေးနေဖို့လဲ မလိုတာမို့...မင်းလွတ်လွတ်လပ်လပ် နေနိုင်ပါတယ် Jungwon...မင်းမကြိုက်ရင် ကိုယ်မနှောင့်ယှက်ဘူး...''
တစ်ချိန်လုံး စိတ်ထဲထည့်ထားခဲ့သမျှ ပြောချင်နေသည့် စကားများကို ပြောပြီးသည့်နောက်မှ ကောင်လေးကို ပြန်လွှတ်ပေးပြီး ဒီတစ်ခါတော့ Chanကအရင် နေရာကနေ ဦးအောင်လှည့်ထွက်လာခဲ့လိုက်သည်...ဒီလောက်ဆို ကျေနပ်သွားပြီ...မဟုတ်ပဲ ဒီအတိုင်းကြီးပဲ ရှေ့ဆက်သွားနေမယ်ဆိုရင် လူမြင်တိုင်း ပတ်ပြေးနေတဲ့ အဲ့ဒီကောင်လေးရဲ့ ဟန်ဆောင်မှုတွေအပေါ် Chanတနုံ့နုံ့နဲ့ ခံရခက်နေမှာ...ဘယ့်နှယ်...မသိရင် Chanကပဲ လိုက်အနိုင်ကျင့်နေသလိုလိုနဲ့...ကိုယ့်ပုံစံအမှန်တိုင်းနေတော့ရော Chanက သူ့ကို ဘာလုပ်မှာမို့လို့လဲ...ကျန်တာသိပ်ကိစ္စမရှိပေမဲ့ အဲ့လိုဟန်ဆောင်တတ်တာတွေကိုတော့ Chanတကယ်မကြိုက်ဘူး...
YOU ARE READING
Twist | JEONGCHAN |
FanfictionHe Once Said.., Chan~ You're My Precious Twisted. OTP-JEONGCHAN; DOMINANT-YANG JEONGIN; SUBMISSIVE-BANG CHRISTOPHER CHAN; !!WARNING!! JUST A FANFICTION; RATED-MATURE; MY OWN STORY.
Parallel Lines Of Aggression
Start from the beginning
