Parallel Lines Of Aggression

68 5 21
                                        

UNICODE

Parallel Lines Of Aggression

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Parallel Lines Of Aggression


_ TWIST _

ဆောင်းဦးစမည့် အငွေ့အသက်လေးက တဝေ့ဝေ့ခတ်နေသည်...နေရောင်ခြည်နွေးနွေးလေးပဲ ကျရောက်သေးတဲ့ အချိန်ပေမဲ့ Chanက သူ့ပန်းလေးတွေအနား ​ဝေ့ဝဲနေကာ အလုပ်ရှုပ်လျက်ရှိသည်...အိမ်တော်ကြီးကတော့ အလုပ်သမားတွေပဲရှိပြီး တိတ်ဆိတ်နေ၏...ဒီနေ့ Yangရဲ့ ဦးလေးဒေါ်လေးတွေက Seoulမြို့အနှံ့ အလည်အပတ်လိုက်ပို့ပါဆိုလို့ Yangက မပါမဖြစ် ဦးဆောင်ထွက်ရခြင်းမှာ အမေလဲ အတူပါသွားကာ Chanကတော့ သိပ်နေမကောင်းချင်သလိုရှိတာမို့ မလိုက်တော့ကြောင်း ငြင်းဆိုခဲ့ခြင်း...

နားမလည်ရတာတွေတော့ ရှိလိမ့်မည်...ဘာလို့အခုချိန်ကျမှ အားလုံးက Seoulမြို့ကို လည်ပတ်ချင်ကြရတာလဲဆိုရင်တော့ Chanနောက်ထပ် သိခဲ့ရတာတွေထဲမှ တချို့ကို ပြောပြပေးဖို့လိုသည်...အဓိကကတော့ Yangရဲ့ဦးလေး Yang Taejungဟာ Koreaမြေနဲ့ ကင်းကွာသွားတာ နှစ်တချို့လွန်ခဲ့ပြီဖြစ်တာကြောင့် အလွမ်းပြေလည်ပတ်ချင်တာဖြစ်သည်...

ဦးလေးTaejungက ပြင်သစ်သူနဲ့ ရခဲ့တာမို့ ပြင်သစ်မှာပဲ နိုင်ငံသားပြောင်းလဲခံယူရင်း အခြေချနေထိုင်တော့တာမှာ အခုက Yangရဲ့မင်္ဂလာကိစ္စကြောင့်သာ Koreaကို ခေတ္တရောက်လာခြင်းပင်...ထို့အပြင် ပိုအံ့ဩစရာကောင်းသော ရေစက်ဟာ ဦးလေးTaejungဆိုတာ တစ်ချိန်Chanဆရာဝန်အဖြစ်နဲ့တုန်းက Chanကိုယ်တိုင်ကိုယ်ကျ ခွဲစိတ်ကုသပေးဖူးတဲ့ လူနာတစ်ယောက် ဖြစ်နေခဲ့သည်တဲ့လေ...ထို့ကြောင့် သူ့အသက်သခင် ကျေးဇူးရှင်လို့ တဖွဖွပြောပြီး ကျေးဇူးတင်မပြတ်တဲ့ ဦးလေးTaejungက Chanကိုဆို သူ့တူအရင်း Yangနဲ့မခြားစွာပင် ချစ်ခင်ကြင်နာပေးတတ်သည်...

Twist | JEONGCHAN |Where stories live. Discover now