အန်တီRinaနဲ့ Donghwaကတော့ ဘူဆန်မြို့လေးမှာပဲ သားအမိနှစ်ယောက်တည်း အေးအေးချမ်းချမ်း နေထိုင်နေကြတာလို့ သိရသည်...Donghwaက အနုပညာမေဂျာယူထားသည်ဖြစ်ရာ နောက်နှစ်လလောက်ဆို တက္ကသိုလ်တတိယနှစ်ကို ဆက်တက်ရတော့မှာဖြစ်ပြီး မိခင်တစ်ဦးတည်း၏ အုပ်ထိန်းမှုအောက်တွင်သာ ကြီးပြင်းလာခဲ့တဲ့ကလေးမို့ ပုံမှန်ထက်သိမ်မွေ့သော Donghwaဟာ ချစ်ဖို့ကောင်းသည့်အသွင်တွေလဲ ပေါများ၏...
Chanထင်တာမမှားရင် Donghwaရဲ့အတိတ်မှာလဲ ပြသနာတစ်ခုခု ရှိခဲ့ပုံပေါ်သည်...Yangက အသေးစိတ်ကြီးတော့ ပြောမပြပေမဲ့ Donghwaကို သူနူးနူးညံ့ညံ့ ပြောဆိုဆက်ဆံ ဂရုစိုက်ရခြင်းဟာ Donghwaစိတ်ကလေး နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရာရစေချင်၍ဆိုကာ တစ်ခါရင်ဖွင့်ဖူးသည်...
Chanကတော့ ဘယ်လိုပဲဟုတ်ဟုတ် Donghwaဖြစ်နေလို့ကို သံယောဇဥ်တွယ်မိတာမို့ Donghwaရဲ့ ဘဝတလျှောက်လုံး အခုလက်ရှိDonghwaလိုမျိုးပဲ အမြဲချစ်ဖို့ကောင်းပြီး ဘာအပူအပင်မှမရှိတဲ့ ကလေးလေးတစ်ယောက်အဖြစ် တစ်သက်လုံး နေနိုင်သွားရင် ကောင်းမည်ဟု တွေးမိတိုင်း ဆန္ဒပြုဖြစ်သည်...လူမှန်ရင်တော့ မှားတတ်ကြသည်ပဲလေ...သို့ပေမဲ့ အဲ့ဒီအမှားကို ပြန်သိဆန်းစစ်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်နေထိုင်နိုင်ရင် လူကောင်းလို့ Chanကတော့သတ်မှတ်သည်...
အခု၏ သူ့အမျိုးသားလောင်းလေးလိုပေါ့...
ဒီနောက်ပိုင်း ဘယ်လောက်တောင် ချစ်ဖို့ကောင်းလာလိုက်လဲ...
"အဟင်း~"
ပန်းပင်လေးတွေဆီ ရေပန်းလေးနဲ့ ဝေ့ဖြန်းပေးနေရင်းမှ Yangအကြောင်းဆီ အတွေးရောက်မိသည့်အခါ ကြည်နူးပြုံးတွေထုတ်ရကာ Chanဟာ ဆောင်းဦးအငွေ့အသက်ကို သဘောကျသည်...
Yangပြောင်းလဲသွားတာကတော့ တကယ်ကို မယုံကြည်နိုင်အောင်ဖြစ်သည်...Chanနဲ့ပတ်သက်ရင် ဘာမဆို အသေးစိတ်ကအစ ဂရုစိုက်လာပြီး Chanမျက်နှာညှိုးမှာကိုလဲ သေမလောက်စိုးရိမ်တဲ့ အရိပ်တကြည့်ကြည့်နဲ့ ဗျာပွေပူတတ်သူကြီး...သူအဲ့လိုတွေသည်းပြလွန်းလို့ပဲ ဒီနောက်ပိုင်းဆို Lixတို့တောင်မှ Yangကို အရင်လို ခါးခါးသီးသီးကြီး မရှိတော့ဘူးလေ...တစ်ခုခုအကြောင်းရှိလို့ ဆက်သွယ်ဖြစ်ကြရင်တောင် တခြားထက် Yangအကြောင်းကို မပါမဖြစ် အမြဲထည့်မေးတတ်ကြတဲ့အထိတွေ...အဲ့ဒီYangက တကယ်ကို ဘယ်သူမှ ကြာကြာအမြင်မကပ်နိုင်ပဲ တအားအချစ်ခံရတဲ့ ကဝေစုတ်ကလေး...
YOU ARE READING
Twist | JEONGCHAN |
FanfictionHe Once Said.., Chan~ You're My Precious Twisted. OTP-JEONGCHAN; DOMINANT-YANG JEONGIN; SUBMISSIVE-BANG CHRISTOPHER CHAN; !!WARNING!! JUST A FANFICTION; RATED-MATURE; MY OWN STORY.
Parallel Lines Of Aggression
Start from the beginning
