"မဟုတ်လို့လား မင်းကတစ်ခါတစ်လေမှန်မှမမှန်ပဲ.."
"ဟုတ်ကဲ့ပါရှင့် ကျွန်မမငြင်းတော့ပါဘူးဟုတ်ကဲ့..သွားမှာသာသွားပါဟုတ်ကဲ့.."
မနက်ဖြန်သွားမည်ဖြစ်သည့်အတွက် သည်နေ့သူ့ဆီလာခဲ့ခြင်းဖြစ်သည်။ အိမ်မှအရှုပ်ထုပ်လေးအားခေါ်သွားရမည်လားဟုလည်းစဥ်းစားနေ၏။တစ်ပတ်လောက်သွားနေရင်ကောင်းမလားဟုလည်းတွေးမိပြန်၏။ အလုပ်ကိစ္စတွေလည်းတစ်ခါတည်းစီစဥ်၍ရသဖြင့်ပင်ဖြစ်သည်။ ထိုနေရာသည်လည်းအေးချမ်း၍ထိုနေရာတွင်သာအနားယူနေရမည်လားဟုလည်းစဥ်းစားပြန်၏။ သို့သော်လည်းမဖြစ်ပြန်ပေ။
"ငါအဲ့မှာပဲနေနေရတော့မလား.."
"ဟမ်Lilly Reinမှာလား မဖြစ်ဘူးထင်တယ်ဒါမဲ့သဘောပါ.."
တား၍လည်းရမည်မဟုတ်ပေ။တော်တော်ဝေးလံသည့်နိုင်ငံဖြစ်သည်။ ဧပရယ်တို့နေနေသည်မှာAuroraတွင်သာ။ ယခုသူမနေချင်သည်မှာ တစ်ခြားနိုင်ငံပင်ဖြစ်၏။ အိမ်ဟူသည့်နေရာသည် သည်နေရာတွင်သာရှိသည့်အတွက်သူမအတွက်အဆင်ပြေမည်တော့မဟုတ်ပေ။ မည်သည့်နေရာတွင်အိမ်ဟူသည်ရှိနေကား မိသားစုနေထိုင်သည့်နေရာသည်သာအိမ်ဟုခေါ်ဆိုနိုင်ပေ၏။ ယခုတွင်လည်းညီမနှစ်ယောက်တစ်နေရာတွင်သာနေသည်မို့သည်အရာများကိုလည်းနားလည်မမဟုတ်ပေ။
"သဘောပြောတာပါ ငါမသိသေးဘူး မွန်းကြပ်တာတော့သိတယ် ပင်လယ်ကြီးနားမှာပဲဖြေဖျောက်နေရမလားလို့ပါ.."
"အင်း..မမကအစတည်းကအဲ့မှာ နေရတာသဘောကျတာပဲ ပြီးတော့ မလွှတ်နိုင်သေးတဲ့ နှစ်ပေါင်းများစွာကပုံရိပ်တွေကိုလည်း သိမ်းထားသေးတာကို.. ဧပရယ်တားရင်ရော မမကနားထောင်မှာမလို့လား.."
အသင်္ချေ့အတွက်အေးချမ်းသည့်နေရာတစ်ခုဖြစ်သည့်အတွက်တပ်မက်မော မိနေခြင်းဖြသည်။ စေရာ့အားခေါ်သွားချင်ပါ၏။ သူမပင်လယ်ကိုသိပ်သဘောကျသည့်အတွက်ဖြစ်နေခြင်းဖြစ်သည်။ ထိုပင်လယ်လေးတွင်လည်းအမှတ်တရအချို့ရှိနေခြင်းဖြစ်သည်။ သိပ်ပင်စွဲမက်စရာကောင်းသည့်အဖြစ်အပျက်တစ်ချို့အားကျော်ဖြတ်ခဲ့၏။
3156words
Amaryllis
note:စိတ်ကူးယဥ်ထားတာဖြစ်တဲ့အတွက် အရာတွေအားလုံးကလက်တွေ့ကျနေမှာတော့မဟုတ်ပါဘူးဟုတ်သည်းခံဖတ်ပေးလို့ရတယ်မလား🥺
.....
YOU ARE READING
Difference Between Love And Boundaries
Fantasy" နာကျင်နေသည့်နှလုံးသားသည် ဖြေသိမ့်စရာမရှိသည့်တိုင် ၀မ်းနည်းမှုသည်သာအဖော်ဖြစ်လျက်။" ညှို့အသင်္ချေလွှာ "လွဲမှားခဲ့တဲ့ဖူးစာက အဖြစ်မရှိတဲ့ခံစားချက်တွေကိ...
part-4"ဖြစ်တည်ခဲ့ခြင်း၏ရလဒ်"
Start from the beginning
