စီးရေထိုအိမ်ရောက်နေသည်မှာတစ်လနီးပါးရှိတော့မည်ဖြစ်သည်။ စေရာသည်လည်းအခွင့်အရေးမရှိသည့်အတွက်မလာရောက်နိုင်ခြင်းဖြစ်၏။ ယနေ့တွင်တော့အသင်္ချေ့အိမ်ရှေ့သို့အရောက်သွားရမည်ဖြစ်သည်။ သမီးဖြစ်သူအဆင်ပြေပြေနှင့်ရှိနေမည်ကိုတော့သိ၏။ရက်စက်သည့်ကလေးမမဟုတ်သည့်သူ့အကြောင်းသိ၏။သို့သော်လည်းသမီးလေး၏ မျက်နှာလေးအားတွေ့ချင်သေး၏။ စိုးရမ်နေသေး၏။ဘယ်ဘ၀မှရေစက်ဆိုးတွေရဲ့ဆုံတွေ့မှုကြောင့်ယခုကဲ့သို့သောဆိုးရွားလှသည့်ကံတရားအားရင်ဆိုင်နေရသည်ကိုမသိပေ။
"သူဌေး သ၀ဏ်စေရာပျိုခြံပြင်မှာရောက်နေပါတယ်သူ့သမီးနဲ့တွေ့ချင်ပါတယ်တဲ့.."
"အို..ဝင်လာခိုင်းလိုက်.."
မတွေ့ရသည်ကြာပြီဖြစ်သောမျက်နှာလေးအားတွေ့ချင်သေး၏။လွမ်းဆွတ်နေခဲ့ရသည့်နှစ်များမှာလည်းအတော်ကြာပြီဖြစ်၍သာ။ မမထွက်သွားပြီးကတည်းမှပြန်မလာတော့သည်မှာ သူ့သမီးတစ်သက်ရှိပြီဖြစ်သည်။ သည်မျှနှစ်တွေကြာသည်အထိလွမ်းဆွတ်နေခဲ့တဲ့မိမိနှလုံးသားမှာခံနိုင်ရည်ရှိလှ၏။
မချစ်သင့်တဲ့သူကိုချစ်မိပြီလွမ်းဆွတ်နေခဲ့ရသည်အဖြစ်အားဖြတ်သန်းနေလျက်ပင်။အချိန်များသည်ရာသီများစွာကူးပြောင်းကာ အတော်ကြာခဲ့သော်လည်းစွဲလမ်းနေသေးသည့်သူမပုံရိပ်တို့သည် မပျောက်မပျက်နှင့် ရင်ထဲတွင်သာတည်ရှိလျက်ပင်ဖြစ်သည်။
"အိုး မမ မတွေ့တာကြာတော့ပိုလှလာသလိုပဲ.."
"ငါ့သမီးကော စီးရေကောလို့ အသင်္ချေ.."
"ရှိသပါ့ရှင် ..အသင်္ချေတစ်ယောက်လုံးကိုတောင်အဆင်ပြေလားမမေးတာက လွန်တယ်နော် ကြည့်ရတာအခုထိအသင်္ချေက အရေးမပါသေးဘူးပဲ.."
မြင်တွေ့ရလိုက်သော်ငြားမပြောင်းလဲသေးသည့်အလှတရားများရင်ထဲသို့လှိုက်ဖိုမောစေခဲ့၏။ အသံချိုချိုတို့သည်လည်းဆွဲဆောင်မှုအပြည့်နှင့်သာယာနေလျက်။ဖုန်းထဲတွင်ကြားရသည်နှင့်အပြင်မှာကြားရသည့်အသံတို့သည်မတူပေ။ ယခုအသံသည်ပိုနားထောင်ကောင်း၏။
လှရက်နိုင်သူ မမသည် အသင်္ချေ့နှလုံးအားအစိတ်စိတ်အမွှာမွှာကွဲကြေစေလျက်။ အသင်္ချေ့သည်လည်းအမှတ်သားဟူသည်မရှိဆက်လက်တောင့်တနေသောအလှတရားတို့၏ ခက်ထန်မှုမှာ အသင်္ချေသာနာကျင်စေခဲ့လျက်။ မပျောက်ပျက်သေးဘဲယခုထိကွဲရှနေခဲ့သည့်နှလုံးသားသည်တစ်ဖန်ပြန်ခုန်နေဆဲ။ ပိုင်ရှင်ဟုပြောမရသောသူ၏ဆွဲဆောင်မှုကြောင့်ဖြစ်သည်။
YOU ARE READING
Difference Between Love And Boundaries
Fantasy" နာကျင်နေသည့်နှလုံးသားသည် ဖြေသိမ့်စရာမရှိသည့်တိုင် ၀မ်းနည်းမှုသည်သာအဖော်ဖြစ်လျက်။" ညှို့အသင်္ချေလွှာ "လွဲမှားခဲ့တဲ့ဖူးစာက အဖြစ်မရှိတဲ့ခံစားချက်တွေကိ...
