"အာ ဟုတ် ဟုတ်ကဲ့."
ယူစရာရှိသည်ယူကာ ဧပရယ့်ကာစီနိုဆီထွက်လာခဲ့၏။ အခြေအနေအားသွားကြည့်ရန်ဖြစ်၏။ စိတ်ချရသည်သိသော်လည်းပစ်ထားရသည်မှမဟုတ်ပေ။ သူမကုမ္ပဏီကိုလည်းသွား၍လားမသိပေ။အမှောင်လောကတွင်ကျင်လည်ရသည့်အတွက်လွယ်ကူနေခဲ့သည်တော့မဟုတ်ပေ။
"သူဌေး.."
ကားတစ်ခါးဖွင့်ပေးရာမှ ဆင်းလာသောသူ။ စူးရှနေသောမျက်၀န်းတို့နှင့်အတူ တင်းမာနေသောမျက်နှာထားသည်အလိုလိုဖုံးလွှမ်းလျက်။ ခက်ထန်မာကြောမှုတို့နှင့်အတူလျှောက်လှမ်းတော့၏။ အမြဲလိုပဲသည်ပုံစံနှင့်ဖြစ်သည့်အတွက်ထူးခြားသည်တော့မရှိပေ။ သည်အပတ်တွေအတွင်းအလုပ်ကိစ္စရပ်များသည်တောင်လိုပုံနေသည့်အတွက်သူဌေးမှာ မနားရသေးခြင်းဖြစ်၏။
"အယ် မမ ဘာလာလုပ်တာလဲ ဟိုကိစ္စဆိုပြန်နော်.."
"ကျစ် Lilly Reinကိုသွားမလို့.."
"အဲ့တော့ဘာလဲ ခေါ်မလို့လား လိုက်မယ်လေမမ.."
သူသွားစရာရှိသည်အားမိမိအားလာပြောနေသေး၏။ သွားနေကျဖြစ်သော်လည်းထူးထူးဆန်းဆန်းလာပြောနေသေးသူအားနားမလည်ပေ။ သည်တစ်ခါမည်သည့်အရာအားထပ်မွှေနေမည်နည်း။ ရှင်းရမည် ရှင်းရမည်။ သူ့စက်ရုံသွားကြည့်သည်လားမသိပေ။ သို့မှမဟုတ် တစ်ဖန်သွားပုန်းနေပြန်မည်လားလည်းမသိသေးပေ။
"နေခဲ့ ဒီကအလုပ်တွေရှိတယ်လေ ..မင်းကမမှန်တော့ စိတ်ဘယ်ချပါ့မလဲ.."
"မဖဲ့နဲ့နော်မဟုတ်ရပါဘူး..မရူးပါဘူးနော်မမ.."
အသင်္ချေ့လုပ်ငန်းနှင့်ပတ်သတ်သည့်နေရာတစ်ခုအားသွားရမည်ဖြစ်သည်။အသင်္ချေ့ဂိုဏ်း၏အရေးပါဆုံးနေရာတစ်နေရာဟုလည်းပြောရမည်။ gunများအားထိုနေရာတွင်ထုတ်လုပ်ခြင်းဖြစ်သည်။ တစ်လတစ်ခါတော့သွားရသည့်နေရာတစ်ခုပင်ဖြစ်၏။တစ်ခုမှလွဲချော်၍မရသည့်နေရာတစ်ခု။ နှစ်စဥ်နှင့်အမျှထိုနေရာမှပေးနေသည့်ခဲ့သည့်ငွေများမှာသန်းပေါင်းများစွာဖြစ်သဖြင့်အရေးပါဆုံးနေရာတစ်ခု။ ထိုတွင်အဲ့အရာသည်သာမဟုတ်လှပသည့်ပင်လယ်ကမ်းခြေလည်းရှိသေး၏။
YOU ARE READING
Difference Between Love And Boundaries
Fantasy" နာကျင်နေသည့်နှလုံးသားသည် ဖြေသိမ့်စရာမရှိသည့်တိုင် ၀မ်းနည်းမှုသည်သာအဖော်ဖြစ်လျက်။" ညှို့အသင်္ချေလွှာ "လွဲမှားခဲ့တဲ့ဖူးစာက အဖြစ်မရှိတဲ့ခံစားချက်တွေကိ...
part-4"ဖြစ်တည်ခဲ့ခြင်း၏ရလဒ်"
Start from the beginning
