part-4"ဖြစ်တည်ခဲ့ခြင်း၏ရလဒ်"

Start from the beginning
                                        

.........

"မမ..လာပြီနော်ခုမှဘဲ ကျွန်တော့်လာကိုမတွေ့တာဘယ်လောက်ကြာပြီလဲသိလား"

"ပေးစရာရှိတာသာပေးပါ အာဏာ.."

အပျော်လာသည်မဟုတ် မိမိရစရာရှိသည်အားလာယူခြင်းဖြစ်၏။ အရောတ၀င်တော့နေနေချင်သည်မဟုတ်ပေ။ရက်ပိုင်းအတွင်းမှဖေဖေ့ဆီမှစကားများကြားထားရသည့်အတွက်အဆင်ပြေနေသည်မဟုတ်သည့်စိတ်များမှာ မမှန်ပေ။ စကားလည်းပြောချင်သည့်စိတ်မရှိပေ။ အရင်လိုသဘောအရတုန်း၌ဆိုလျှင်တော့ အနည်းငယ် နေရခက်မည်မဟုတ်ချေ။ ယခုတွင်တော့ရှောင်ချင်သည့်စိတ်များသာစိုးမိုးနေလျက်။ တစ်ဖက်တွင်တော့မဟုတ် မိမိအားသူနှင့်နီးစပ်စေချင်သည့် သဘောထားနှင့်သာဖြစ်သည်။

"မမက အခုတစ်လောကျွန်တော့်ကိုရှောင်နေသလားလို့.."

"မအားတာနဲ့ပါ မဟုတ်ပါဘူး.."

"သြော် ဟိုကိစ္စ..ဟို"

ထစ်ငေါ့နေသည်ဆိုတည်းမှအာဏာဘာပြောချင်သည်ကိုသိ၏။ ဟိုကိစ္စသာသဝေပြန်ထိုးလာမည်ဖြစ်သည့်အတွက်ဘ၀င်တော့မကျပေ။ သည်အရာမှမည်သို့လွတ်မြောက်စေရန်ကြိုးစားမည်နည်း။ တတ်လည်းမတတ်နိုင်သေးပေ။ ရက်ပိုင်းအတွင်းပင်ပန်းနေသည့်အထဲခေါင်းထဲတွင်လည်းစိတ်ညစ်စရာများသာရှိ၏။သည်ကိစ္စအားမည်သို့ပျောက်ပျက်စေရန်ကြံစည်ရမည်ကိုမသိသေးပေ။​အလောတကြီးစီစဥ်ထားသည်မဟုတ်သည့်အတွက်ခေါင်းအေးနေရသေးသည်ဟုဆိုရမည်။ သို့သော်ငြားတောက်လောင်ပြီးသားအပူတို့မှာ အမြဲပင်လောင်မြိုက်နေ၏။

"လက်ထပ်ရမဲ့ကိစ္စဆို စောင့်ပေးပါလား အတင်းအကြပ်တည်းရောက်နေလို့ အာဏာ.."

"အာ မမကသိပ်တော်တယ်နော်ဘာပြောမလဲဆိုတာတောင်သိတယ်.."

"ဟင်း မဟုတ်ပါဘူးဒါဆိုဒီလောက်နဲ့ပဲ.."

သည်ရက်တွေအတွင်းသူမကြည့်ရသည်မှာအဆင်ပြေနေသည့်ပုံစံမဟုတ်ခဲ့ပေ။ ညှိုးနွမ်းနေသောမျက်နှာတို့မှာမည်မျှပင်ပန်းနေသည်ကိုထင်ပေါ်၏။ တစ်အိမ်လုံး၏တာ၀န်အားခေါင်းခံကာယူထားသောသူဖြစ်သည့်အတွက် သည်မျှသည်တော့ခံစားရရှာမည်။ ပေါ့ပေါ့သေးသေးအလုပ်တစ်ခုမဟုတ်ခဲ့ မိန်းကလေးတစ်ယောက်အနေနှင့်ဆိုလျှင်သည်လိုလောကတွင်မရှိသင့်ပေ။ အန္တရယ်များသည့်လောကထဲခြေချထားသည်မှာ ကြာပြီဖြစ်သည်။ သူမအတွက်စိုးရိမ်ကာထိုအိမ်တော်ထဲ၀င်ရောက်ချင်သည့်စိတ်များကိုလည်းထိန်းထားနေရ၏။ သူမပင်ပန်းသည်အားမမြင်ချင်လို၍သာ။

Difference Between Love And Boundaries Where stories live. Discover now