"မေမေ့ မလိုက်ဘူး.."
"ရောဘာကိစ္စမလိုက်ရမှာလဲ မေမေက စီးရေကိုဒီမိန်းမနားမှာထားမှာမဟုတ်ဘူး ပြီးတော့သူသားကိုအတင်းခေါ်သွားတာ .."
"မဟုတ်ဘူးမေမေ သားက ဒီမှာတစ်နှစ်နေရမှာ..အဲ့တာဆိုမေမေ့အပူတွေရှိတော့မှာမဟုတ်ဘူးတဲ့."
လိုက်၍မဖြစ်ပြန်။အကယ်၍အိမ်သို့လိုက်သွားပါကနှစ်ဆတက်မည်ဖြစ်သော ထိုပိုက်ဆံများ။ ထိုပိုက်ဆံများအတွက်စီးရေသည်တွင်အနှိပ်စက်ခံရခံရ ညည်းညူမည်မဟုတ်ပေ။ခဏမှအပူလောင်ထားသောလက်၏နာကျင်မှုတို့သည် မပျောက်မရှစူးနစ်ပူလောင်နေဆဲပင်ဖြစ်သော်ငြားသည်းခံနိုင်ပါသေး၏။ သို့သော်မျက်ရည်တို့သည်တော့မျက်အိမ်တွင် ဝေ့သီနေလျက်ပင်ရှိ၏။ အတော်ပင်ပူသည့်အတွက်နာကျင်သည်မှာ တိုင်းဆမရပေ။ ပြုလုပ်လိုက်သည့်သူမှာတော့မျက်နှာတစ်ချက်မလှည့်ခဲ့ပေ။
"ကျစ်..ထားလိုက် မေမေနဲ့လိုက်ခဲ့ဘာမှမဖြစ်ဘူး.."
"ဟင့်အင်းနောက်တစ်နှစ်နေမှလာခေါ်လှည့်ပါမေမေ.."
ချော့မရသောသမီးဖြစ်သူအားမည်သို့ပြောဆိုရမည်ကိုမသိပေ။ ခေါင်းမာနေသည့်ထိုကလေးမှာယခုတထိနီရဲနေသောလက်တစ်ဖက်အားဆုတ်ကိုင်ထားလျက်။နာကျင်နေသည်အားဆေးသွားမထည့်ရသေးဘဲရပ်ကာနေနေသောသူ။ သည်နားတွင်သာရှင်းနေရသည့်အတွက် သူမခြေလှမ်းမလှမ်းသည်ဖြစ်၏။ သနားစရာကောင်းသောသမီးလေးမှာ မျက်ရည်များဝေ့သီလျက်သာ။ အသင်္ချေ့နားတွင်တော့မဖြစ်ချေ။ ညှာတာမှုမရှိလုပ်ရက်လိုက်ပုံမှာ စီးရေလက်လေးသက်သေဖြစ်သည်။
"ငါ့သမီးတစ်ခုခုဖြစ်ရင်မင်းပဲ တောက်စ်.."
စီးရေလက်အားဆွဲကိုင်ကာဆေးထည့်ရန်ခေါ်ခဲ့လိုက်တော့၏။ အနာတရဖြစ်သူအားသည်အတိုင်းထားခဲ့ပါလျှင်လည်းမဟုတ်တတ်ပေ။ သမီးဖြစ်သည့်အတွက်ဂရုစိုက်ရမည်မှာစေရာ့တာ၀န်သာဖြစ်သည်။ သမီးဖြစ်သူသည်အတိတ်ကိစ္စရပ်များအားမသိပေ။ ဖြစ်ပျက်ခဲ့သည့်အရာများအားနားလည်သည့်ကလေးမမဟုတ်ပေ။ သူ့ဖေဖေဆုံးသွားသည့်နောက်ကျပ်တည်းသောသားအမိနှစ်ယောက်အဖြစ်သာကျန်ရှိနေသည်သာသိချေ၏။
YOU ARE READING
Difference Between Love And Boundaries
Fantasy" နာကျင်နေသည့်နှလုံးသားသည် ဖြေသိမ့်စရာမရှိသည့်တိုင် ၀မ်းနည်းမှုသည်သာအဖော်ဖြစ်လျက်။" ညှို့အသင်္ချေလွှာ "လွဲမှားခဲ့တဲ့ဖူးစာက အဖြစ်မရှိတဲ့ခံစားချက်တွေကိ...
part-4"ဖြစ်တည်ခဲ့ခြင်း၏ရလဒ်"
Start from the beginning
