part-4"ဖြစ်တည်ခဲ့ခြင်း၏ရလဒ်"

Start from the beginning
                                        

မိမိလက်ပေါ်သို့လောင်းချလိုက်သောထိုကော်ဖီများ။ ပူလောင်ခြင်းဖြစ်သည့်အတွက်ဆုတ်လိုက်သော်လည်းထိုကော်ဖီတို့မှာ တစ်ဝက်မျှ မိမိလက်ပေါ်သို့ကျရောက်ပြီးဖြစ်သည့်အတွက်လောင်မြိုက်ခြင်းဟူသည်လက်ပေါ်တွင်နေရာယူလိုက်တော့၏။ ဘာမှမလုပ်သော်လည်းစီးရေလက်အပေါ်လောင်းချလိုက်သည်မှာ တော်တော်စာနာစိတ်မရှိသည့်မိန်းမပင်ဖြစ်၏။ နာကျင်နေသည့်လက်၏ ပူလောင်မှုမှာ မျက်ခွံတို့တွင်မျက်ရည်များစိုစွတ်စေလျက်။ ထိုမိန်းမသည်တော့ပြုံးလျက်ပင်ရှိ‌၏။

"ညှို့အသင်္ချေလွှာ..ငါ.."

"ရိုက်လိုက် စေရာရိုက်လိုက် အသင်္ချေတို့ကတော့ ငြင်းနေမှာမဟုတ်ဘူး.."

"ရူးနေပြီမင်း တကယ်ရူးနေပြီ .."

အချစ်နှင့်ပတ်သတ်သည့်အတွက်ရူးသည်ပြောခံရလျှင်လည်းပြောခံရပါစေ။ သူမမနာကျင်စေမှတော့ နာကျင်မည်ဖြစ်သည့် သူမ သမီးသာပေးဆပ်ရမည်ဖြစ်၏။ကွဲအက်နေသည့်မိမိနှလုံးသားအတွက်တန်ပြန်နာကျင်စေမှု။သူမအတွက်အရေးကြီးသည့်အရာဟူသည် ထိုကလေးမတစ်ယောက်သာရှိတော့မည်ဖြစ်သည်။

သို့အတွက်မဆိုးပါလေ စီးရေသည်သာရှိလျှင် ကွဲကြေနေသည့်နှလုံးသားဒဏ်ရာတို့အားဖြေဖျောက်နိုင်မည်ဖြစ်သည်။ ထိုအတွက်အောက်တန်းကျကျတွေးသည်ဆိုလျှင်လည်း အောက်တန်းကျခံကာပြုမည်ဖြစ်သော နာကျင်မှုအတွက်ပေးဆပ်မှုများအားတစ်ဖန်သာ။

"ဟက် မရိုက်ရက်ပြန်ဘူးလား.."

"တော်ပြီငါ့သမီးပြန်ခေါ်သွားမယ် မင်းဒီလောက်နဲ့တင်ကျေနပ်တော့.."

ကော်ဖီတစ်ခွက်မိမိရှေ့တွင်လောင်းချပြသည်နှင့်တင်တော်တော်လွန်နေပါ၏။သည်ကြားထဲတွင်မိမိသမီးအားမည်သို့နှိပ်စက်ထားသည်အားမသိချေ။ယခုတွင်တောင်စာနာစိတ်မဲ့ကာလောင်းချလိုက်သည်မှာမျက်မြင်ပင်ဖြစ်၏။ထိုအတွက်သူမအားနာကျင်စေရန်ရွယ်ခဲ့သောလက်ဝါးတို့မှာတုံ့ဆိုင်းလျက်သာ။နောက်တွင်မှမိမိသမီးအားတစ်ဖန်နာကျင်စေ၍မဖြစ်ပေ။ သူမသည်အငြှိုးကြီးသည့်သူဖြစ်သည့်အတွက်မိမိမှာစိုးရိမ်ရခြင်း။စေရာ့အားတိုက်ရိုက်နာကျင်စေသည်မဟုတ်သော်ငြားစီးရေလေးအားမဟုတ်သည့်အရာများထပ်လုပ်မည်ကိုစိုးရိမ်သောကြောင့်သာ။

Difference Between Love And Boundaries Where stories live. Discover now