part-4"ဖြစ်တည်ခဲ့ခြင်း၏ရလဒ်"

Start from the beginning
                                        

"တော်သင့်ပြီအသင်္ချေ မင်းခေါ်ခေါ်နေတဲ့အဲ့နာမ်စားကြီးကိုလည်းငါရွံတယ် မင်းဒေါသတွေပေါက်ကွဲတာကိုခံဖို့အတွက် ငါလာတာမဟုတ်ဘူး ငါက ငါ့သမီးဆီလာတာ.."

"ဟက် ရွံတာတဲ့လား တစ်ချိန်ကတော့နားဝင်ချိုတယ်ဆို.."

"အင်း ပြောခဲ့တယ်ဆိုတောင်မေ့လိုက်တော့အသင်္ချေအဲ့အရာတွေကသိပ်ကိုကြာခဲ့ပြီ.."

မေ့သင့်သည့်အတိတ်ကအရာအချို့အားမေ့သင့်ပြီဖြစ်သည်။ယခုအချိန်အထိ မှတ်ထားသည့်သူမှာဇွဲကောင်းပါ၏။ စေရာသည်လည်းနာကျင်ပါဟူ၍ပြုလုပ်ခဲ့‌ခြင်းမဟုတ်သော်လည်း အခုတထိမုန်းတီးနေရသေးသည့်သူ ။ အတိတ်တွင်ပျော်စရာကောင်းသည့်ဆက်ဆံရေးလေးတစ်ခုအားမုန်းတီးစရာအတိတ်အဖြစ်ပြောင်းလဲစေခဲ့သူ။

စေရာ့အပေါ်မရှိသင့်တဲ့ခံစားချက်တွေကြောင့်နာကျင်ရသည်မှာသူမသာဖြစ်သည်။ စိတ်မကောင်းဖြစ်ရသည့်စေရာလည်းအားနာမိ၏။ စေရာ့နှလုံးသားတို့သည်ယခုချိန်ထိ ဝနာ့အပေါ်တွင်ရှိနေဆဲဖြစ်၏။ ထွက်ခွာသွားသူသည်သာမသိတော့သည့်ခံစားချက်များဖြစ်သည်။အသခင်္ချေကျေနပ်စေမည့်အရာဟူရှိလိမ့်တော့မည်မဟုတ်ပေ။

"အင်းပေါ့ မမအတွက်တော့အတိတ်ပေါ့..အဲ့အတိတ်နဲ့အသက်ဆက်ပြီးအဲ့အတိတ်ကပုံရိပ်တွေကြောင့်လောင်မြိုက်နေရတဲ့ဘ၀ကိုမမကဘယ်နားလည်ပါ့မလဲဟုတ်တယ်မလား.."

" ရောင်စဉ် စီးရေကိုကော်ဖီယူခဲ့လို့ပြောလိုက်"

"ဟင်မင်းငါ့သမီးကိုဘာတွေခိုင်းထားတာလဲ.."

စီးရေအားခိုင်းနေပုံအရ စေရာ့သမီးအားအခိုင်း‌စေများလုပ်ခိုင်းထားသည်လား။ ယုတ်နေပုံအရ ဖြစ်ချင်လည်းဖြစ်မည်ဖြစ်သည်။ မည်သည့်အကြောင်းနှင့်မျှ ထိုသို့လုပ်စရာကိစ္စဟူသည်မရှိ။ မည်သည့်အတွက်များထိုသို့ခိုင်းထားရသနည်း။လုံးဝအဖြစ်မခံနိုင်ပေ။ မိခင်တစ်ယောက်အနေနှင့်မိမိသားသမီးအားသူများအခိုင်းစေမဖြစ်စေချင်ပေ။ အသင်္ချေ့စိတ်အားမတွေးဆနိုင်တော့ပေ။

"မေမေ့.."

"ပူလားဒါက.."

"အခုမှဖျော်လာတာပူပါတယ် မမရဲ့.. အား"

Difference Between Love And Boundaries Where stories live. Discover now