part-4"ဖြစ်တည်ခဲ့ခြင်း၏ရလဒ်"

Start from the beginning
                                        

"မဟုတ်တော့ဘူးနော်အသင်္ချေ..ငါစိတ်ဆင်းရဲတာကိုအဲတာလိုချင်နေတာလား အမြဲစိတ်အနှောက်အယှက်ပဲပေးချင်နေတာလား.."

"အာ..အထင်လွဲနေပြီ မဟုတ်ပါဘူး အသင်္ချေက သဘောလေးပြောရုံပဲဟာ.."

ဟိုးအရင်အချိန်ကဟုထင်မှတ်နေသည်ထင်ရသည်။ ယခုတထိအချိုးမပြေသေးသောသူ ။ စေရာ့အားအမြဲတလိုစိတ်ဒုက္ခပေးနေတတ်ကာမရှိသင့်သည့်ခံစားချက်များအားပျိုးထောင်ထားလျက်။ ညီအစ်မလိုသာခင်မင်ခဲ့သည့်မိမိအတွက်သူမခံစားချက်များသည် အရာမဝင်လျက်။ထိုအရာအတွက်လည်းအငြှိုးမထားသင့်ပေ။ မကျေနပ်သေးသည့်ခံစားချက်တို့မှာ ယခုတထိလောင်မြိုက်နေမည်ဟုထင်၏။မရှိသင့်သည့်ကလေးဆန်ဆန် အတွေးများမှာဆက်လက်စိုးမိုးနေသည့်သူမအားမည်သို့နားချရမည်ကိုမသိပေ။

"စီးရေကော ဘယ်မှာလဲ‌ ခေါ်ပေးလို့ရမလားတောင်းပန်ပါတယ်..ငါ့သမီးလေးကိုခေါ်ပေးပါ.."

"နေဦး နေဦး ပြန်ပြော မမ.."

တောင်းပန်ပါတယ်"ဟူသည့်စကားအားသူမထံမှအကြိမ်ကြိမ်အဖန်ဖန်ကြားနေရသော်လည်း မပြေပျောက်သေးသောနာကျင်မှုများ။တစ်ချိန်တွင်ခခယယတောင်းပန်ခဲ့သော်လည်းမိမိခံစားချက်များအားတွေးမပေးပဲထွက်သွားသူထံမှစကားများ။ကျေနပ်စေသည်တော့မဟုတ်ပေ။ နာကျင်ခဲ့ရသည့်မိမိနှလုံးသားအတွက်ပြောဆိုနေခြင်းမျိုးမဟုတ်သည့်အတွက် မထိရောက်သည်ဖြစ်မည်။အကြိမ်ကြိမ်ကြားပါလျှင်လည်းပြေပျောက်တော့မည်မဟုတ်သည့်မိမိနှလုံးသားအတွက် မျက်ရည်မိုးတစ်ဖန်ကျဆင်းရပြန်တော့မည်။

"ဆိုးရွားခဲ့သည့်အတိတ်
မချစ်သင့်တဲ့လူ
အထီးကျန်ခဲ့သည့်နှလုံးသားတို့မှာ ဝမ်းနည်းမှုသည်သာဖြေသိမ့်စရာဖြစ်ခဲ့၏။"

"ဘာကိုလဲ အသင်္ချေ.."

"မသိဘူးလား အခုတထိ အသင်္ချေဘာလိုချင်တယ်ဆိုတာမသိဘူး မမအတွက်အဲ့လောက်ထိအရေးမပါတာလား.. ဟမ် မမ "

ယခုတထိနားမလည်သေးသည့်ဟန်။အသင်္ချေခံစားခဲ့ကသည်များကိုလည်းသိမည့်ပုံမပေါ်သည့်ဟန်။ချစ်ခဲ့မိသည့် တစ်ဖက်သတ်ဆန်တဲ့အသင်္ချေ့ခံစားချက်တို့သည်သာပေါက်ကွဲနေလျက်သာရှိသည်။တစ်ဖက်သူသည်တော့ထိုအရာများအားလျစ်လျူရှုလျက်သာဖြစ်၏။ လုံးဝအရေးမပါခဲ့သည့်သူတစ်ယောက်သာသာဖြစ်မည်။ ရှင်သန်ချင်စိတ်မရှိတော့သည့်မိမိ၏စိတ်များ၏တရားခံမှာ သူမသာဖြစ်သည်။ရက်စက်မှုဟူသည် ကိန်းအောင်းနေကျင်နေသည်မှာ အတိုင်းထက်အလွန်။

Difference Between Love And Boundaries Where stories live. Discover now