Part_1(uni&zaw)

27.9K 1.5K 8
                                    

Zawgyi သမားများအတွက် အောက်ဘက်ကလေးကို ဆွဲကြည့်ပေးပါရှင်
Thanks alot my💞
QL part-1 (unicode)

QL part -1

အမေ ပေးခိုင်းလိုက်တဲ့ နှင်းဆီပန်း နီနီရဲရဲလေးတွေကို ပွေ့ထားပြီး baekhyun တစ်ယောက် Mrs.park အိမ်ကို လိုက်ရှာနေရတယ်။

ဖြတ်သွားသမျှ လူတွေရဲ့ နှင်းဆီပန်းစည်းကို ချီးမွမ်းသံကိုလဲ နားနဲ့ မဆန့်အောင်ကြားနေရပါတယ်။

ကြားရဆို  ပန်းပွင့်လေးတွေက စွင့်ကားပြီး လှပလွန်းနေတာကိုးး။

ဒါမဲ့ ပန်းပွင့်တွေ မထိခိုက်ရလေအောင် ပွေ့ဖက်ထားရတဲ့ baekhyun လက်သွယ်သွယ်လေးတွေက ဆူးတွေကြောင့် ပေါက်ပြဲကုန်ပီ။

သားတယောက်အနေနဲ့ လုပ်ရမှာပေါ့ အမေ မှ နေမကောင်းဘဲ။

အမေ့အကြောင်းကို စဉ်းစားမိပြန်တော့ မျက်နှာလေးက အလိုလိုညိုးသွားရပြန်သည်။

သူ အလယ်တန်းနှစ်လောက်က Appa ဆုံးသွားတော့ omma ခင်မျာ ပန်းရောင်းရင်း သူ့ကို ကျောင်းထားပေးခဲ့ရတာ~

ပန်းရောင်းတာကတော့ သားအမိ ၂ယောက်စားလောက်ပါတယ်။

ဒါပေမဲ့ လက်ထဲ မယ်မယ်ရရ ပြစရာ ပိုက်ဆံတော့ ပိုထွက်မလာ။

ခုပဲကြည့် omma က ဘာရောဂါရယ်လို့ မဟုတ်ဘဲ ပန်းဖျား ဖျားသလိုဆိုတော့ baekhyun အမေ့ကိုယ်စား အမေ့ဖောက်သည်တယောက်ကို ပန်းလာပို့ပေးရတာပါ။

သုံးစည်းဆိုတော့ အင်းး ဝမ် ထောင့်ရှစ်ရာ။

ကျောင်းစာအုပ်ဖိုးလေး ပေးလို့တော့ ရလောက်ပါပြီ။

သူ appa ဆုံးပီးကထဲက ကျုရှင်မယူဖြစ်တာ ခု အထက်တန်း ပထမနှစ်ပဲ ရောက်နေပြီ။

တနှစ်တစ်တန်းကို ထူးထူးချွန်ချွန်အောင်လာတာကိုပဲ အမေ့မှာ ဝမ်းသာနေရတာပေါ့ ။

သူက အမေ့အတွက်တော့ အားတလက်ဖြစ်စေတာပေါ့လေ~

*မင်းကြိုးစားမှ ရမယ် byun baekhyun fighting! *

တခဏအကြာ သူ ရှာနေတဲ့ ခြံကြီးကို တွေ့ပြီ ဖြစ်တာကြောင့် ဘဲလ်ကို တီးလိုက်တယ်။

ဦးလေးကြီးတယောက် လာဖွင့်ပေးတာကြောင့် ခေါင်းလေးကို အသာညွတ်ရင်း ပြုံးပြလိုက်တယ်။

Quiet Love(completed)Where stories live. Discover now