~မောင့်ကဗျာ မောင့်ဒိုင်ယာရီ~

6K 191 4
                                        

- Uni -

| ကဗျာရောင် ဒိုင်ယာရီ

နှစ်တွေကြာသွားခဲ့ရင် ကိုယ်တို့အချစ်တွေက အလှဆုံးဒိုင်ယာရီသက်သက်ဖြစ်နေမလား ပန်းတစ်ပွင့်ဖြစ်သွားမှာလား. . .။

20ရာစုရဲ့ လူတွေအတွက် မောင်ကြိတ်ရူးခဲ့သမျှ ကဗျာတွေက ဟာသကြီးဖြစ်သွားမှာလား Honey ။

. . . .

အလှပဆုံးအနုပညာတွေ ဖန်တီးနိုင်တဲ
ကဗျာဆရာတစ်ယောက်ရဲ့ လက်ချောင်းတွေကြား
အရက်တစ်ခွက်ရောက်သွားရပုံက
အချစ်ဆိုတဲ့ ဆန်းတကြယ်တဲ့အရာကလေးကြောင့်တဲ့လား။

အနူးညံ့ဆုံးနှလုံးသားလေးတွေ ထိရှတဲ့အခါ ကဗျာတွေငိုရတယ်။

အရက်ဆိုင်ဟာ စာပေဆန်သွားတတ်သလို

အရက်ပြင်းပြင်းတစ်ခွက်ကလည်း သိပ်လှတဲ့ကဗျာတစ်ပုဒ်ရဲ့

အဘိဓါန်ဖြစ်သွားတတ်တာဘဲ။

ကဗျာဆရာတွေ ချစ်တဲ့အခါ
လောကတစ်ခွင် နေရာတိုင်း ပန်းနုရောင်သောသံစဥ်တွေ။
ကဗျာဆရာတွေ နာကျင်တဲ့အခါ
အလုံးစုံခပ်သိမ်း ကဗျာအဆန်းဆုံးအနုပညာမိုးစက်တွေ။

ဒါဆိုဘာက ကဗျာလဲ. . . . .

သူ့မျက်တောင်ကော့ကော့လေးတွေ တဖြတ်ဖြတ်ခတ်သွားတာကိုက ကဗျာပေါ့။

ကာရန်တွေ ဘာဘာညာညာအကြောင်းပြချက်တွေမလိုဘူး။

ပင်လယ်ရောင်မျက်လုံးလေးတွေ စူးကြည့်လာတိုင်း

ကမ္ဘာပေါ်က အလှဆုံးကဗျာတွေ အရှုံးပေးအော်ငိုဖို့ လုံလောက်ခဲ့တာ။

အိပ်မက်တွေပါ။ ရူးသွပ်မှုတွေပါ
ထိုမျက်လုံးပြာကို ခုံမင်မိတိုင်း
အတိုင်းအဆမဲ့ လှုပ်ခတ်တဲ့ ရင်အစုံက
အယူခံဝင်ခွင့်မရှိတော့တဲ့ အပြစ်သားတစ်ဦး. . . . .

ဒါမှမဟုတ်

သခင့်စကား. . .သခင့်အလှ. . .သခင့်အကြည့်. . .သခင့်ကိုမလွန်ဆန်နိုင်တဲ့ သခင့်အပါးအစေလည်းဖြစ်နေနိုင်တယ်။

ဘယ်လောက်တောင်ချစ်သလဲ မေးရင်
ဘယ်လောက်အထိချစ်လို့ရသလဲ. . . . .
ချစ််လို့ရတဲ့အတိုင်းအတာထက် မောင်ကကျော်လွန်ခဲ့ပါတယ်။

|  ကဗျာရောင် ဒိုင်ယာရီ [𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦]Stories to obsess over. Discover now