"အစ်ကို....ကျွန်တော်...."

ခြေနှစ်လှမ်းခန့်နောက်ဆုတ်သွားသူက ခေါင်းကိုပင်ငုံ့သွားပြီး Taehyung အား မျက်နှာလွှဲသွား၏။

အေးစက်စက်လေထုကြား နှစ်ယောက်လုံး ငြိမ်သက်နေမိသည်က မကောင်းသောစိတ်ခံစားချက်အား သတိပြုမိလာစေသည်အထိ....။

"ကျွန်တော်....
ကျွန်တော် အစ်ကို့ကို လက်လွှတ်ကြည့်မလို့ပါ...."

"ဘာ~"

"ပင်ပန်းရတယ်မလား?
တစ်ဖက်သတ် ကပ်တွယ်နေတဲ့ ကျွန်တော့်ကို ဘေးမှာထားရတာ"

"ParkJimin~"

"အစ်ကို့မှာ ခံစားချက်ရှိနေတဲ့တစ်စုံတစ်ယောက်ရှိနေရင် ကျွန်တော့်ကို အားနာနေတာမျိုး တွေးပေးစရာမလိုပါဘူး။ ချာတိတ်အရွယ်တွေမကြိုက်ဘူးပြောခဲ့တယ်မို့လား?...။
ဒီတိုင်း စိတ်ကစားလို့ လာရှုပ်နေတဲ့ မနူးမနပ်ကောင်လေးလို့ပဲ ထားလိုက်ပါ"

"တော်ပါတော့"

ချာတိတ်ကို
ကလေးလို့ပဲ အမြဲထင်လာခဲ့တာ။
ဒီလောက် ရင်ကိုနာအောင်ပြောတတ်လိမ့်မည်ဟု ထင်မထားမိ။

"သေချာလား?"

"အစ်ကို...."

အလန့်တကြားရေရွတ်ကာမော့ကြည့်လာပုံက Taehyung ဆက်ပြောလာမည့်စကားအား ကြိုသိတာမို့ မကြားလို၍ တားမြစ်ဟန်....။

"သေချာလား?
ကိုယ့်ကို လက်လွှတ်မှာ"

".........."

"သေချာရင် ထပ်ပေါ်မလာတော့ဘူး။
ဒီနေ့တွေ့တာ နောက်ဆုံးပဲ"

တုန်ယင်သွားတဲ့
မျက်တောင်ဖျားတွေ ။
အောက်နှုတ်ခမ်းအား အသာဖိကိုက်ကာ နှာဖျားလေးတွေရဲလာလျှင် ဒီကောင်လေး ငိုတော့မှာ။

လူကိုလာပြီး လက်လွှတ်မည်ဆိုကာ
ရင်နာအောင်ပြောပြီး
အရင်ငိုပြလာလို့ ဘယ်ရမှာလဲ?....။
သူ့ဆီလှမ်းလာပြီး သတ္တိရှိရှိဆွဲခဲ့တဲ့ချာတိတ်လက်တွေကို သူလွှတ်ပေးလိုက်စရာ အကြောင်းမရှိ......။

"အေးတယ် အထဲဝင်တော့"

"..........."

ကားကို ဝုန်းဒိုင်းကြဲမောင်းချလာပြီး
ထားပစ်ခဲ့တာက Taehyung သိပ်စိတ်ဆိုးနေလို့.....။

ESPRESSO  & ......?Where stories live. Discover now