"ကျွီ!"
ကိုယ့်အပူနဲ့ကိုယ်မို့ မိမိကားဘေး ဖြတ်သွားသော ကားကိုပင်အမှုမဲ့အမှတ်မဲ့။
"ချာတိတ်~"
အပြင်ကပြန်လာကြပုံရတဲ့ ချာတိတ်တို့မိသားစု။ ခြံဝင်းထဲ ကားဝင်သွားပြီးမှ ထိုကလေးက တဖန်ပြန်ထွက်လာပြီး သူ့ကားရပ်ထားသည့် မှောင်ရိပ်ခိုသော အုတ်နံရံနား တရွေ့ရွေ့ ချဉ်းကပ်လာ၏။
အိမ်ရှိရာနောက်ဘက်သို့လည်း စိတ်မလုံဟန် ပြန်လှည့်ကြည့်ကာ သူ့ထံလှမ်းလာသည်က မဝံ့မရဲလေး...။
"ဘာလို့ဖုန်းကို ပိတ်ထားတာလဲကွာ။
စိတ်ပူလို့ သေတော့မယ်"
"အေးတယ်လေ အပြင်မှာ....။
အစ်ကိုဘာလို့..."
"ဖုန်းလည်းပိတ်ထားပြီး
အိမ်လာတော့ မတွေ့ရဘူး။
ချာတိတ် ကိုယ့်ကို ကစားနေတာတော့ မဟုတ်ဘူးမို့လား?"
ခပ်တိုးတိုးသူဆိုတော့ မော့ကြည့်လာဟန်က သူ့မူပိုင် ဖျော့တော့တော့လေး......။
အနည်းငယ် ချောင်ကျသွားတဲ့ မျက်နှာက ပါးလေးတွေ အရင်ကလောက်တောင် မဖောင်းတော့သလိုပဲ။ သူ့ဘက်ကပဲ သဲကဲပြီးတွေးနေမိတာလားတော့မသိပေမယ့် ဒီကလေးမျက်နှာက ခပ်နွမ်းနွမ်းလေးနဲ့ရယ်...။
"ဟင် ပြောပါအုန်း
သုံးရက်လုံး ကိုယ့်ကိုပစ်ထားရတဲ့အကြောင်းရင်း"
"နေမကောင်းလို့....
ဆေးခန်းကနေပြန်လာတာ။
အစ်ကို့ကို ပြောဖို့ကျ သက်သက်မဲ့ကြီး စိတ်အနှောင့်အယှက်ဖြစ်စေမယ်ထင်လို့"
"မဟုတ်တာကွာ"
ဝင်သက်ထွက်သက်တို့ ခံစားမိသည်အထိ ချာတိတ်အနီးတိုးကပ်ရပ်ရင်း လက်ကလေးနှစ်ဖက်ဆွဲယူဖျစ်ညှစ်မိတော့ အေးစက်မှုက TaeHyung ထက်ပင် ပိုနေသယောင်ရှိ၏။
ဟုတ်သားပဲ။
ချာတိတ်နဲ့သူဖုန်းပြောတုန်းက နေမကောင်းဘူးလို့ပြောခဲ့သားပဲ။
သူ့မှာသာ သူ့အပူ ၊ သူ့ဇောနဲ့မို့ အာရုံမရလိုက်တာ။
"နေမကောင်းဘူးမလား?
သက်ရော သက်သာလား?"
"အပြင်မှာအေးတယ်....။
အစ်ကိုစောစောပြန်နားတော့လေ"
"ကိုယ့်ကို ရှောင်နေတာလား?
ချာတိတ်ကိုယ့်ကို စိတ်ဆိုးစရာ တစ်ခုခု ရှိလို့လားဟင်?
ဘာမကြိုက်တာရှိလဲ? ကိုယ့်ကိုပြောလေ.....ကိုယ်ပြင်ပေးမယ်"
YOU ARE READING
ESPRESSO & ......?