ဘယ်သံယောဇဉ်အမျှင်အတန်းမှ တွယ်ငြိမခံသောကောင်က ဒီလိုတွေ ချာတိတ်တစ်ယောက်အတွက် လာပြိုလဲပြနေတော့ သူလည်း ရူးချင်သည်။
တစ်ခါလေးမှ မမြင်ဖူးသည့် ပုံစံတွေမို့ Jay အတွက်လည်း အကြံပေးစကားပြုရန် သိပ်ကို ခက်ခက်ခဲခဲပါပဲ......။
"တစ်ခုခု ရှိမှာပါကွာ....
ညနေထိမှ ဖုန်းမကိုင်ရင် အိမ်လိုက်သွားကြည့်လေ"
"သောက်ကျိုးနည်းတာပဲ Jay!
ငါ Jimin ကို လက်မလွှတ်နိုင်ဘူး"
"လက်မလွှတ်နိုင်ရင် ဆွဲထား Taehyung..... ။ မင်းဘက်က သေချာတဲ့ စိတ်ခံစားချက်ရှိရင်"
သေချာပေါက်
သူချာတိတ်ကိုချစ်တာပါ။
သတ္တိမရှိခဲ့ဖူးတာ သေချာပေမယ့်
ယခုအခြေအနေက
ချစ်တာကိုလည်း သေချာသိတာမို့
ရှေ့ဆက်တိုးမလို့ကြိုးစားနေတုန်း
ပူလောင်စရာက လူကို ဒီလို လာနှိပ်စက်သည်။
Right person နဲ့တွေ့တာတောင်
Timing မကိုက်သောနေ့တွေက
ဘဝတွင် ဆိုးဆိုးရွားရွားထိခိုက်မှုကြီး၏။
>>>>>>>>>>>>>
"ကျစ်!"
ညနေဘက် ချာတိတ်အိမ်သွားတော့လည်း သော့ပိတ်ထားသည့်မြင်ကွင်းက သူ့အား ပို၍သာပူလောင်လာစေသည်။
တစ်ခုခုမှားယွင်းနေပြီဆိုသောအသိတွင် သူ ချာတိတ်နဲ့တွေ့ချင်တာကလွဲပြီး .......အခြားလည်းမရှိ။
"ဘယ်တွေသွားနေတာလဲကွာ~"
သော့ပိတ်ကာ မီးအလင်းရောင်မဲ့သော လူမရှိသည့်အိမ်အား တစ်ညလုံးကားပေါ်တွင် ထိုင်စောင့်ကြည့်နေရသည့်သူ့အဖြစ်က လွယ်တော့လည်းမလွယ်။ အေးစိမ့်သော ရာသီဥတုတွင် လူတစ်ကိုယ်လုံး ရေခဲတွေလိုအေးစက်ကာ နှလုံးသားက တဆစ်ဆစ် ထုံကျင်ကိုက်ခဲ၏။
ဒီနေ့နဲ့ဆို သုံးရက်.....။
ဖုန်းရော လူပါ အဆက်အသွယ်မရဘဲ
ချာတိတ်သူ့ကို လျစ်လျူရှုထားတာ
သုံးရက်တိတိ....။
စိတ်ဆိုးလားမေးရင်
မဆိုးဘူးပေါ့ သေချာပေါက်....... ။
တွေ့ဖြစ်ကြရင်တော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူပဲ ချာတိတ်ကို သေချာချော့ဖြစ်မှာပါ။
လျစ်လျူရှုခံထားခဲ့ရတဲ့နေ့တွေအတွက်တော့ ချာတိတ်ဆီက အကြင်နာတွေ သေချာပေါက် ပြန်ယူရန်လည်း သူမမေ့....။
YOU ARE READING
ESPRESSO & ......?