{Unicode}
အပိုင်း - ၁
ဝေသုန္ဒရီပြည်၏သမိုင်းကြောင်းနှင့် မင်းသမီးလေး ဖွားမြင်ခြင်း
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ခန့်က အလယ်ပိုင်းဒေသအတွင်းတွင် သဘာဝလွန်စွမ်းအားပိုင်ဆိုင်သူတွေ၊မှော်နက်မိစ္ဆာအတတ်ပညာတတ်မြောက်သူတွေများစွာ ပေါ်ပေါက်လာခဲ့တယ်။
စွမ်အားကြီးလွန်းတဲ့ မှော်ပညာအစိတ်အပိုင်းသည် ဤဒေသကို စိုးမိုးလာသည်နှင့်အမျှ ဒေသနေသူများသည်လည်း နေထိုင်စားသောက်ရေးအတွက် ပူပင်စရာမလိုအပ်တော့ပဲ သဘာဝလွန် စွမ်းအားတွေအပေါ်သာ
အမှီသဟဲပြုပြီး နေထိုင်ကြသတဲ့။
လူသားများရဲ့ ပြောစကားအရ ဤဒေသတွင် နေထိုင်သူများသည် မည်သည့်ကိစ္စမဆို ပူပင်စရာမရှိဘဲ နေထိုင်၍ရသတဲ့။
ဥပမာအားဖြင့်ဆိုရလျှင် "သင်သည်အိမ်တစ်လုံး လိုချင်သည်ဆိုပါစို့" ဤဒေသရှိ တည်ဆောက်မှုကဏ္ဍသို့ သွားရောက်ပြီး စွမ်းအားပိုင်ဆိုင်သူတစ်ယောက်ထံသာ ရဲရဲဝံ့ဝံ့ အကူညီတောင်းခံလိုက်!! သင်လိုချင်သည့်နေရာတွင် သင့်အတွက် အိမ်တစ်လုံး ရောက်ရှိလာလိမ့်မည်ဖြစ်သည်။
ထိုနည်းတူစွာပင် အစားအစာ၊အဝတ်အထည်၊ကုန်သွယ်ရေး၊စီးပွားရေးစသည့် အရာအားလုံးအပေါ် သဘာဝလွန် စွမ်းအားရှိသူများဖြင့် အလုပ်စက်ယန္တရား လည်ပတ်လေ့ရှိသည်။
ဒီလိုဆိုရင် ဒီအကြောင်းရာတွေအတွက် မေးခွန်းတချို့ရှိလာလိမ့်မည်။
ဥပမာ - ဒီလိုအကူအညီ
တောင်းဆိုမှုအတွက် ဘယ်လို အဖိုးအခတွေ ပေးရမလဲ?
ဆိုတာမျိုးပေါ့။ဒီအဖြေမဖြေသေးခင် နောက်မေးခွန်းတစ်ခုရဲ့ အဖြေကို အရင်ဖြေလိုက်တာက ပိုရှင်းသွားလိမ့်မယ်ထင်ပါတယ်။
နောက်မေးခွန်းက "လူတွေက သဘာဝလွန်စွမ်းအားရှိသူတွေအပေါ် အမှီသဟဲပြုနေကြတယ်ဆိုတော့ စွမ်းအားမရှိသူတွေကရော ဘယ်လိုနေကြမလဲ?သူတို့ကရော အပယ်ခံလိုနေရမှာလားပေါ့။" ဒီမေးခွန်းအတွက် အဖြေကတော့ ရိုးရှင်းပါတယ်။
မရှိဘူး!! ဆိုတာမျိုးပေါ့။ ဟုတ်ပါတယ် ဒီဒေသမှာနေထိုင်တဲ့ လူသားတစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင်သဘာဝလွန်စွမ်းအား ကိုယ်စီရှိကြပါတယ်။အမြင့်ဆုံးတော်ဝင်မျိုးရိုးမှစ၍ အနိမ့်ဆုံးမျိုးရိုးအထိ မျိုးဆက်အလိုက် စွမ်းအားကိုယ်စီ ပိုင်ဆိုင်ကြပါတယ်။တော်ဝင်မျိုးရိုးတွေကတော့ အမြင့်မားဆုံးစွမ်းအားဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားကိုပိုင်ဆိုင်ကြပြီး တစ်ခါတစ်ရံ စွမ်းအားတွေကို တစ်ခုထက်ပို ပိုင်ဆိုင်တတ်ကြပါသေးတယ်။ သာမာန်မိသားစု မျိုးရိုးတွေကလည်း သူ့ဟာနဲ့သူ ကိုယ်ပိုင်စွမ်းအား အသေးအဖွဲလေးတွေ ပိုင်ဆိုင်ကြပါတယ်။
YOU ARE READING
Beyond The Dream
Fantasy"ကိုယ်က တိုင်းပြည်တစ်ခုကိုပိုင်တဲ့ ဘုရင်တစ်ပါးပေမယ့် မင်းကို ပိုင်ဆိုင်ရဖို့ဆို အကုန်စတေးရဲတယ်..ကိုယ့်အသက်ကိုစတေးရမယ်ဆိုရင်တောင်ပေါ့. . .။မင်းမျက်နှာ တစ်ကမ္ဘာထင်ပြီး အမြဲတမ်းမင်းကိုပဲ ချစ်နေမှာ။" ရန်ဘက် တိုင်းပြည်နှစ်ပြည်ရဲ့ မင်းသားတစ်ပါးနဲ့ မင်းသ...
